နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေအပူနှင့် ရေသယံဇာတ

မန္တလေးတိုင်းဒေသကြီးအတွင်း၌ ၂၀၂၀ ပြည့်နှစ် ဩဂုတ်လမှ ၂၀၂၁ ခုနှစ် မတ်လအထိ ကာလအတွင်း ပြင်ဦးလွင်၊ ရမည်းသင်း၊ မိတ္ထီလာ၊ မြင်းခြံနှင့် ညောင်ဦးခရိုင်များ၌ မိုးခေါင်မှုများ သိသာစွာ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မန္တလေးမြို့တွင် ၂၀၂၀ ခုနှစ် ဧပြီလ ၁၃ ရက်၌ ပထမဆုံး မိုးရွာသွန်းခဲ့ပြီး မိုးရေချိန် ၂ ဒသမ ၅၂ လက်မအထိ ရွာသွန်းခဲ့သည့် မန္တလေးမြို့တွင် ယခုနှစ် ဧပြီလအတွင်း နေအပူချိန်များ မြင့်တက်မှုနှင့်အတူ လာမည့် မေလ အတွင်း ပုံမှန်အပူချိန်ထက်မြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ ပြင်းထန်သော အပူရှိန်ကြောင့် ရေတွင်း၊ ရေကန်များ၊ ချောင်း၊ မြောင်း၊ အင်း၊ အိုင်များ၊ ရေခန်းခြောက်ကာ မြန်မာ နိုင်ငံအလယ်ပိုင်းသာမက ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ပင်ရေဒုက္ခရောက်ကြရပေသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေရရှိရေးနှင့် ရေပေးဝေရေးလုပ်ငန်းတာဝန်ခံအဖွဲ့မှ ရန်ကုန် မြို့နေပြည်သူများ နွေရာသီကာလသောက်သုံးရေ ပြတ်လပ်မှုမရှိစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေရှားပါးသည့် မြို့နယ်ရပ်ကွက်များသို့ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။ သောက်သုံးရေဖြန့်ဝေပေး လျက်ရှိသော ရန်ကုန်တစ်ဖက်ကမ်းဒလမြို့နယ်၊ ရပ်ကွက်ကျေးရွာများသို့ မတ် ၂၆ ရက်မှ ဧပြီ ၂၆ ရက်အထိ ရေသယ်ယာဉ်ခေါက်ရေ ၈၇ ခေါက် ရေဂါလန်ပေါင်း ၁၀၄၄၀၀ ကို ဖြန့်ဝေပေးခဲ့သည်။ လူသားချင်းစာနာထောက် ထားသူများ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာရှင်များ၏ ရေလှူဒါန်းပေးမှု သတင်းများကို တွေ့မြင် နေရသည်။ စေတနာရှင်များ၏ လှူဒါန်းပေးမှုကြောင့် အတန်အသင့်ပြေလည်မှုရရှိသည်မှာလည်း ဝမ်းမြောက် ဖွယ်ပင်ဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် လျှင်မြန်စွာတိုးပွားလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့‌ကြောင့် ရေသယံဇာတရှားပါး မှုသည် အရေးကြီးသော စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ရေအရင်းအမြစ်နှင့် ပတ်သက်၍ သတိပေးထုတ်ပြန်ထား သည်။ မကြာမီမုတ်သုံမိုးဝင်ရောက်မည်ဖြစ်ပေရာ ရေချိုအရင်းအမြစ်များမဆုံးရှုံးစေရန် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားသင့်သည်။ နိုင်ငံအတွက်အရေးကြီးသော စိုက်ပျိုးရေးလုပ်ငန်းအတွက်လည်းကောင်း လိုအပ်သော ရေချိုအရင်းအမြစ်များကို နည်းမျိုးစုံဖြင့် ထိန်းသိမ်းကာ အကျိုးရှိစွာသုံးစွဲနိုင်ရန်လိုအပ်သည်ဟု ဆိုချင်ပါကြောင်း။






အခြားဆက်စပ်သတင်းများ