နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သရက်သီး စားပေးသင့်သည့်အကြောင်းအရာများ

ဧပြီ  ၂၇

နွေရာသီအချိန်တွင် သရက်သီး မှည့်များကို ပေါများစွာတွေ့လာရပြီဖြစ်သည်။ သရက်သီး စားပေးခြင်းဖြင့် ကျန်းမာရေး အကျိုးကျေးဇူးများ ရှိသော်လည်း ယင်မနားစေရန်မှာ ဂရုစိုက်ရမည့်အဓိကအချက်ဖြစ်သည်။ သရက်သီးစားခါနီးချိန်တွင် အတတ်နိုင်ဆုံး ရေဖြင့်စင်ကြယ်အောင် ဆေးကြောပြီး စားပေးသင့်သည်။ လတ်ဆတ်သန့်ရှင်းသည့် သရက်သီးကို စားပေးခြင်းဖြင့် ရရှိစေနိုင်မည့် ကျန်းမာရေးဆိုင်ရာကောင်းကျိုးများစွာကို သိရှိစေရန်ဖော်ပြပေးလိုက်သည်။

 ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ သွေးတွင်းမကောင်းသည့် ကိုလက်စထရောကို လျော့ကျစေခြင်း၊ အသားအရေကို ကြည်လင်စေခြင်း၊ မျက်စိကျန်းမာရေးကို ကောင်းမွန်စေခြင်း၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို ရရှိစေခြင်း၊ ဆီးချို /သွေးချိုရောဂါကို ထိန်းပေးနိုင်ခြင်း Sex ကို အားပေးခြင်းအစာကြေညက် စေခြင်းအပူဒဏ်သင့်ခြင်းကို သက်သာစေခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေခြင်းတို့ဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ