နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂါရဝပြုလေးစားလျက်

အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်ဇွန်လဆန်းတွင် ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ၂၀၂၁-၂၀၂၂ စာသင်နှစ်ဟုဆိုရမည်ဖြစ်သည်။ ၂၀၂၀၊ ၂၀၂၁ စာသင်နှစ်မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် နစ်နာမှုများ ဖြစ်ပေါ်ခဲ့ရသည်။ ယနေ့လူငယ်များသည် ပညာသင်ကြားရေး အပြင် လွတ်လပ်စွာ တွေးခေါ်ပြောဆိုကြံဆရေး တို့ကို ပါစိတ်ဝင်စားလာကြသည်။
မြန်မာ့လူဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာကို အခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေးလုပ်ငန်း တာဝန်များကို ထမ်းဆောင် နေကြသော ဆရာ၊ ဆရာမများအား ရိုသေလေးစားတန်ဖိုးထားကြသည်။
ယနေ့လူငယ်လူရွယ်များသည့် အနာဂတ်ကို တည်ဆောက်ကြမည့်သားကောင်းရတနာများဖြစ်ကြရာ ဆရာ၊ ဆရာမများကို ကောင်းမွန်စွာ ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် အဓိကအကြောင်းတစ်ရပ်ဖြစ်ပေသည်။ ထူးချွန်ထက်မြက်သော လူတော်လူကောင်းလေးများကို ပြုစုပျိုးထောင်ခြင်းသည့် အနာဂတ် သာယာလှပရေး အတွက် ကြိုးပမ်းကြခြင်းပင် ဖြစ်သည်။
မိဘများသည် မိမိတို့၏ သား၊ သမီးများအား ထူးချွန်ထက်မြက်လိမ္မာရေးအတွက် ဆရာများထံအပ်နှံကာ ပညာရပ်အသီးသီးကို သင်ကြားစေခဲ့သည်။ ကံ့ကူလက်လှည့်ဆရာများ၏ သင်ကြားပို့ချမှုကြောင့် တိုးတက်မှု များကိုဖြစ်ပေါ်စေခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးဖြစ်သည့် လူသားအရင်း အမြစ်များ ပျိုးထောင်ရာတွင် ပဓာနကျသည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ ဖော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့အစည်းကြီးက လိုလားအပ်သော သားကောင်း ရတနာများပေါ်ထွန်းလာရေး ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာအနှံ့ပေါ်လာရန် လိုအပ်သည်။ ဆရာ၊ ဆရာမ များသည် ပညာသင်ကြားပေးသည် သာမက စိတ်ဓာတ်၊ စည်းကမ်း၊ စံပြဖြစ်ရေး ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်း၊ သမီးမွန်ဖြစ်လာရေးတို့ကို ပြုစုပျိုးထောင်ပေးလျက်ရှိရာ ဖြူစင်သန့်ရှင်း၊ မွန်မြတ်လှသည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင်လက္ခဏာကောင်းများရှိသည့် မြတ်ဆရာတို့အပေါ် အစဉ်လေးစားဂါရဝပြုလျက်။






အခြားဆက်စပ်သတင်းများ