နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေရာသီ၌ထန်းရွက်သက်ငယ်ပစ် အရောင်းအဝယ်လိုက်နေ

ချောက် ဧပြီ ၂၇

အညာဒေသ၌ ပွင့်လင်းရာသီဆောက်လုပ်ရေးလုပ်ငန်း၌ နေအိမ်နှင့်အခြား အဆောက်အဦးအဖြစ် ယခင်က ထန်းသားကိုအသုံးပြုသော်လည်း လက်ရှိအသုံးပြုမှုနည်းပါး၍ထန်းသားခြမ်းအရောင်းအဝယ်လိုက်နေကြောင်းချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်ကဒေသခံအချို့ထံကသိရသည်။

ယခုနှစ်မှာထန်းရွက်ရယ်၊ထန်းရွက်သက်ငယ်ပစ်နှစ်မျိုးကိုမှာယူကြပါတယ်။  
ဝယ်ယူသူတွေကတော့ ကြက်ခြံ၊ ဝက်ခြံတွေမှာနေအပူရှိန်သက်သာစေရန်အတွက်အိမ်မိုးသွပ်နေရာမှာ အစားထိုးဆောက်လုပ်ကြ သည့်အပြင် စားသောက်ဆိုင်များနှင့်လူနေအိမ်ရှေ့၌အရိပ်အကာအဖြစ်လည်းကောင်း ဆောက်လုပ်ကြ ကြောင်း ချောက် မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ချောက်မြို့နယ်နှင့်ရေနံချောင်းမြို့နယ်၌ထန်းပင်ကနေထန်းလျက်ထွက်ရှိသည့်အပြင် ထန်းလက်နှင် ပြုလုပ်သော ကုလားထိုင်၊ စားပွဲအဖြစ်ထုတ်လုပ်ကြပြီး ထန်းသားကိုနေအိမ်နှင့် နွာတင်းကုတ် အပါအဝင် အဆောက်အဦဆောက်လုပ်ကြပြီး ထန်းရွက်ကိုနွေရာသီ၌ အအေးဓာတ်ရစေရန်အမိုးအကာအဖြစ် အသုံးပြု ကြောင်းသိရသည်၊
ထန်းရွက်အကြီးအသေးပေါ်မူတည်၍ တစ်ရာလျင်ငွေကျပ် ၂၀ဝ၀ဝ အထိလည်းကောင်း  ထန်းရွက် သက်ငယ်ပစ်တစ်ရာလျင် ငွေကျပ် ၃၀ဝ၀ဝ ဝန်းကျင်ရှိကြောင်းသိရသည်။
ဆန်းညွန့်(ရေနံချောင်း)






အခြားဆက်စပ်သတင်းများ