နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအတွက် ပန်းသီး

ရန်ကုန် ဧပြီ ၂၆
ပန်းသီးကိုထမင်းစားပြီးတိုင်း အချိုပွဲသီးနှံအနေနဲ့မြန်မာ့ထမင်းဝိုင်းတွေမှာ နေရာယူလာတာ သိပ်မကြာသေးပါဘူး။ ပန်းသီးကို ထမင်းအစား၊ စားသောက်နိုင်ပါတယ်။ အဆီချ  အဝလွန်လျှော့ချသူတွေအတွက် အဆင်ပြေပါတယ်။ ပန်းသီးစားရင် ကျန်းမာရေးအထောက်အကူပြုပါတယ်။ နိုင်ငံတကာဆေးသိပ္ပံပညာရှင် တို့အဆိုအရ အသီးအရွက်များများစားရင် ကျန်းမာရေးအထောက်အကူပြုတယ်လို့ သိခဲ့တာကြာပြီဖြစ်တယ်။
ပန်းသီးမှာပါဝင်တဲ့ ဆေးဖက်ဝင် ဓာတ်ပစ္စည်းတွေကို Phytochemical ခေါ်တယ်။ သူ့မှာ (Phenolic) ပင်နိုလစ် ကွန်ပေါင်းဖြစ်တဲ့ ဖလေဗင်နွိုက် (Flavonoid) ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေဖြစ်တဲ့ (Cateshin, Phioridizin, Chlogenic acid ) တွေအလွန်အစွမ်းထက်ပါတယ်။ သဘာဝဗီတာမင်စီနှင့် အမျှင်ဓာတ် (Fiber)တွေကြွယ်ဝစွာ ပါဝင်တယ်။ ယင်းဆေးဖက်ဝင်ပစ္စည်းတွေဟာ ပန်းသီးအမျိုးအစားအပေါ်မူတည်ပြီး ကွာခြားမှုတွေရှိကာ ပန်းသီးအမျိုးအစားကိုလိုက်ကာ အချို့ကသွေးကြောတွေကောင်းအောင်လုပ်ပေးတဲ့ (Quercetin) ပိုများကာ အချို့ကင်ဆာရောဂါကာကွယ်ပေးတဲ့ ကင်ဆာဆဲလ်တွေသတ်ပေးနိုင်တဲ့ (Cetechm)လို ဓာတ်ပစ္စည်းတွေပိုပါတယ်။ ပန်းသီးတစ်မျိုးတည်းမှာ ခူးဆွတ်ချိန်ပေါ်မူတည်ကာ အနု၊ အရင့်အလိုက်ကွာခြားမှုရှိတယ်။ ထိန်းသိမ်းစနစ် (Storage condition) ကိုမူတည်ပြီးကွာခြားမှုရှိပါတယ်။ ကမ္ဘာပေါ်မှာ ပန်းသီးမျိုးကွဲ(၇၅၁၀) အနက်ထင်ရှားတဲ့အမျိုး (၂၀)ရှိတယ်။ နေရာဒေသနဲ့အရောင်အသွေး အနံ့အရသာပေါ်မူတည်ပြီး ခွဲခြားထားတာဖြစ်တယ်။


မြန်မာနိုင်ငံမှာလဲ ချင်းတောင်ကပန်းသီး၊ ရှမ်းပြည်နယ်ကပန်းသီးခွဲခြားသလို တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ ကပန်းသီး၊ ပြင်သစ်ပန်းသီး၊ ဆွစ်ဇာလန်ပန်းသီးဆိုပြီး ခွဲခြားထားနိုင်တယ်။ အရောင်အသွေးကိုမူတည်ပြီး အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းရောင် စပ်ကြားရောခွဲထားတယ်။ အနံ့အရသာပေါ်မူတည်ပြီး ချဉ်တဲ့ပန်းသီး၊ ကျစ်လစ်ပန်းသီး၊ ခပ်ပွပွပန်းသီးဆိုပြီးကွဲပြားတယ်။ ကျန်းမာရေးအတွက်ကောင်းတာက အနီရောင်ရင့်ရင့်၊ ခပ်ချဉ်ချဉ် ခပ်ကျစ်ကျစ်အရည်ရွှမ်းတဲ့ပန်းသီးမျိုးက အကောင်းဆုံးဖြစ်တယ်။ ဈေးကွက် မှာချဉ်တဲ့ပန်းသီးလူကြိုက်နည်းကာ ချိုမှဈေးကောင်းရတယ်။

စပ်မျိုးတွေပေါ်လာကာပန်းသစ်တော်သီး၊ ပန်းသခွားသီး၊ ပန်းဆီးသီးတွေ နာမည်ကြီးလာတယ် စားလို့ကောင်းတယ်။ တာရှည်အစားခံအောင် (Hybrids) မျိုးက ရက်ပေါင်း (၂၀၀) လောက် မပုပ်မသိုးအောင်သိမ်းထားနိုင်ပါတယ်။ အော်ဂဲနစ်ပန်းသီးက ပိုပြီးဆေးဖက် ဝင်ပေမယ့်ရရှိဖို့တော့နည်းပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါကာကွယ်ရေး၊ ကုသရေးမှာ သုံးနိုင်တယ်။ ကင်ဆာမဖြစ်အောင် ကာကွယ်ရာမှာ ရောဂါဖြစ်ပွားနေတဲ့နေရာမှာ အသုံးဝင်တယ်။ အရောင်ကျစေတဲ့သတ္တိရှိတယ်။ ပန်းနာရင်ကြပ်(Allergy) ဖြစ်မှုလျော့စေပါတယ်။ နှလုံးသွေးကြောကျဉ်းရောဂါမှာ ဘယ်လိုအကျိုးရှိသလဲဆိုရင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းက မကောင်းတဲ့ ကိုလက်စထရော (LDL) ဓာတ်မတိုးရအောင် ကာကွယ်ပေးတယ်။ (LDL) ဓာတ်တိုး (Oxidation)ဖြစ်ရင်သွေးကြောမာလာမယ်။ ထူလာတယ်။ သွေးကြောခက်မာခြင်းလို့ဆိုနိုင်တယ်။ လေဖြတ်နိုင်တယ်။

ပန်းသီးကနှလုံးရုတ်တရက်အတိုက်ခိုက်ခံရခြင်း၊ ဦးနှောက်ရုတ်တရက်အတိုက်ခိုက် ခံရခြင်းတွေ ကာကွယ်နိုင်ပါတယ်။
ဂျပန်နိုင်ငံမှာ သွေးဆုံးအမျိုးသမီး (Post Menopausal Women) (၃၅၀၀)ကို (၂၀၀၁) ခုနှစ်လေ့လာချက်အရ ပန်းသီးမှာပါဝင်တဲ့ (Catechin) နဲ့ (Epicatachin) တို့ကြောင့် အချို့နှလုံးသွေးကြောကျဉ်းရောဂါနဲ့သွေးကြော ပိတ်လို့သေဆုံးရမှုတွေ လျော့နည်းစေတယ်။ ပန်းသီးမှာပါတဲ့ (Catcehin) ဟာ လက်ဖက်ခြောက်မှာပါတာထက် ပိုမိုကောင်းမွန်တယ်ဆိုတယ်။ ပန်းသီးကို ပုံမှန်စားရင် နှလုံးသွေးကြောကျဉ်းရောဂါ သွေးကြောပိတ်ရောဂါနဲ့လေဖြတ်ရောဂါတွေကနေ ကာကွယ်နိုင်ပါတယ်။


ပန်းသီးစားရင် ကင်ဆာရောဂါကာကွယ်နိုင်တယ်။ ဟင်းသီးဟင်းရွက်စားသုံးမှုနဲ့ ကင်ဆာရောဂါဖြစ် ပွားမှုကပြောင်းပြန်အချိုးကျပါတယ်။ ဟင်းသီးဟင်းရွက်များများစားတဲ့သူက ကင်ဆာဖြစ်ပွားနှုန်းလျော့ နည်းပြီး စားသုံးမှုနည်းသူတွေက ကင်ဆာဖြစ်ပွားမှုနှုန်းမြင့်မားပါတယ်။ ဟင်းသီးဟင်းရွက်ထဲမှာ ကင်ဆာကာကွယ် တိုက်ဖျက်နိုင်တဲ့ ဓာတ်ပစ္စည်းက (Flavonoid) ဖြစ်တယ်။ (Flavonoid) ထဲက (Quercetin) ကတစ်ခုအပါအဝင်ဖြစ်တယ်။ ကြက်သွန်နီပန်းသီး၊ လက်ဖက်ရည်ကြမ်းတွေက (Quercetin) ရနိုင်တယ်။ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ၊ မျိုးဥကင်ဆာ (Ovarian Cancer) တွေကနေကာကွယ်နိုင်ပါတယ်။


အမေရိကန်ပြည်ထောင်စုလေ့လာချက်အရ ပန်းသီးတစ်နေ့တစ်လုံး မှန်မှန်စားသူတွေမှာအဆုတ်ကင်ဆာ (Lungs Cancer) ဖြစ်နှုန်းများစွာလျော့တာတွေ့ရတယ်။ အမျိုးသား(၄၇၀၀) အမျိုးသမီး(၇၇၀၀)ပေါင်း(၁၂၄၀၀၀)ကို လေ့လာတွေ့ရှိခဲ့တယ်။ ဟာဝိုင်ယီလေ့လာချက်အရ ပန်းသီးနဲ့ကြက်သွန်နီပုံမှန်စားသုံးသူတွေမှာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၄၀-၅၀) ထိလျော့နည်းသွားတယ်။ ပန်းသီး၊ ကြက်သွန်နီမစားသုံးသူတွေမြင့်မားလာတယ်။


ပန်းသီးမှာ အရောင်ကျစေတဲ့သတ္တိရှိတယ်။ လူ့ခန္ဓာကိုယ်မှရောင်ရမ်းနေတဲ့ရောဂါတွေ ပန်းသီး စားရင်သက်သာတယ်။ အရောင်ကျစေတယ်။ အရေပြားရောင်တာ၊ အဆစ်အမြစ်ရောင်တာ အသည်း ရောင်တာတွေမှာ (Calmodulin) ကိုဟန့်တားနိုင်လို့ အရောင်လျော့စေတယ်။ နာကျင်မှုသက်သာစေတဲ့ (Leukatriene) ထုတ်လုပ်မှုလျော့ကျစေတယ်။ ရောင်ရမ်းနာကျင်သူတွေ ပန်းသီးကိုအရောင်ကျတဲ့အထိ တစ်နေ့တစ်လုံး၊ နှစ်လုံးစားသင့်တယ်။
ပန်းနာရင်ကြပ် (Asthma) နဲ့ (Allergy) ဖြစ်တဲ့သူတွေ ပန်းသီးစားတဲ့အခါ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေရှိတယ်။ ပန်းနာရင်ကြပ်ဖြစ်ခြင်းမှာ (Histamin)ခေါ် ဓာတ်ပစ္စည်းများ သူနဲ့အုပ်စုတူတဲ့ဓာတ်ပစ္စည်းတွေက (Mast cell) နဲ့ (basophil)ခေါ် ဆဲလ်တွေကနေ ထုတ်လွှတ်နေလို့ဖြစ်တယ်။ လေပြွန်မှာရှိတဲ့သွေးကြောဖောင်း လာရင် လေပြွန်ကျဉ်းလာပြီး ပိုဆိုးလာရင် ကြွက်သားတွေ ကျုံ့သွားကာ ပန်းနာရင်ကြပ်နဲ့ပျို့တာ၊ အန်တာ၊ ဓာတ်မတည့်တာပါမယ်။


ဆီးချိုရောဂါရှိသူတွေပန်းသီးစားနိုင်ပါတယ်။ ပန်းသီးပုံမှန်စားရင် ဆီးချို၊ သွေးချိုရောဂါမရှိခင်ပုံမှန်စားရင်      အထောက်အကူပြုတယ်။ အင်ဇိုင်းတွေဟန့်တားခြေဖျက်နိုင်တယ်။ သွေးထဲမှာရှိတဲ့ အချို (Glucose)ကနေ (Sorbitial) ခေါ်ဆီးချိုရဲ့နောက်ဆက်တွဲပြဿနာတွေ ဖြစ်စေတဲ့ ဓာတ်ပစ္စည်းကိုပြောင်းပေးတယ်။ မျက်စိမှုန်တာ၊ ခြေလက်ထုံကျဉ်တာကာကွယ်နိုင်တယ်။ ဆီးချိုတက်နေရင်တော့ပန်းသီးခဏ‌ ရှောင်သင့်တယ်။ သက်သာမှသာဖြည်းဖြည်းချင်းချင့်ချိန်စားသုံးသင့်ပါတယ်။ ချိုတဲ့ပန်းသီးအစား ချဉ်တဲ့ပန်းသီးစားပေးသင့်တယ်။ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီးစားသင့်တယ်။ ပန်းသီးရဲ့ကောင်းကျိုးအပြင် ဆိုးကျိုးလည်းရှိပါတယ်။ ပန်းသီးရဲ့အစေ့မစားသုံးသင့်ဘူး။ သူ့မှာ (Cyanogenic Glycocide) ကြွယ်ဝစွာပါဝင်လို့ အဆိပ်သင့်နိုင်တယ်။ အော်ဂဲနစ်ပန်းသီးက ဆေးဖက်ဝင်တယ်။ ပန်းသီးကနေပြင်ပရောဂါတွေကို ချေမှုန်းဖို့ ပဋိပစ္စည်းတွေပိုမို ထုတ်ပေးနိုင်တယ်။ ဗီတာမင်သက်စောင့်ဓာတ်၊ သတ္တုဓာတ်၊ ရေဓာတ်ပေါကြွယ်စွာ ပါဝင်တဲ့အတွက် ရောဂါကြိုတင်ကာကွယ်ရေး နေ့စဉ်ပန်းသီး နှစ်လုံးစားပေးသင့်ပါတယ်။
‌ဒေါက်တာလွင်သန့်






အခြားဆက်စပ်သတင်းများ