နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ကျဝေဒနာကိုမကုသပါကဦးနှောက်တွင်းရောင်ရမ်းခြင်းဖြစ်ပေါ်စေနိုင်

ဧပြီ       ၂၆

သုတေသနတစ်ခုအရစိတ်ကျဝေဒနာခံစားနေရချိန်ကြာလာပါက ဦးနှောက်အတွင်းရောင်ရမ်းခြင်းများစုပုံလာပြီး ဦးနှောက်ကိုပြောင်းလဲလာစေကြောင်းတွေ့ရှိချက်ကြောင့် စိတ်ကျရောဂါနှင့်ပတ်သက်ပြီး စဉ်းစားပုံတို့ကိုပြောင်းလဲသင့်ကြောင်းစိတ်ရောဂါဆိုင်ရာတွင် ကုသမှုများပြုလုပ်ပေးနေသည့် သုတေသီများက အကြံပြုခဲ့သည်။

သုတေသနပြုလုပ်ချက်များတွင်စိတ်ကျဝေဒနာခံစားနေရသူများတွင် ဦးနှောက်တွင်းရောင်ရမ်းမှုကို တိကျစွာသက်သေပြနိုင်ခဲ့သည်။ ကာလကြာရှည် စိတ်ကျဝေဒနာခံစားနေရခြင်းက ဦးနှောက်တွင်ကြီးမား သည့်ဇီဝဗေဒပြောင်းလဲမှုများကိုတွေ့ရှိခဲ့ကြောင်း အသက်အရွယ်ကြောင့် ဖြစ်ပွားလာသည့်ရောဂါများဖြစ်သည့် အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါတို့တွင် ဦးနှောက်ရောင်ရမ်းခြင်းပိုများခြင်းသည်သဘာဝဖြစ်စဉ် တစ်ခုဖြစ်ကြောင်းသိရသည်။ စိတ်ကျဝေဒနာသည် ဇရာကြောင့်ဖြစ်သည့် ဦးနှောက်ရောဂါများထဲတွင်မပါဝင်ဘဲ ရောင်ရမ်းခြင်းများဖြစ်ပွားနေကာ ကုသခြင်းမရှိပါက ပိုဆိုးလာသည်ကိုတွေ့ခဲ့ရသည်။ လူအချို့ကစိတ်ကျဝေဒနာ ဆိုးဝါးသည့်ကာလကိုနှစ်အနည်းငယ်အတွင်းတစ်ကြိမ်၊ နှစ်ကြိမ်ခန့်သာကြုံခဲ့ကြသည်။ ကျန်သူများက ဆယ်စုနှစ်ကာလအတွင်းတွင် ရောဂါဆိုးဝါးသည့်ကာလ၌တစ်စတစ်စပိုမိုဆိုးဝါးလာခဲ့ပြီး၊ နေ့စဉ်လုပ်ငန်းများပါ လုပ်ဆောင်ရန်အခက်အခဲများရှိလာစေသည်။ ယင်းအခြေအနေမျိုးအတွက် ကုထုံးများကိုသုတေသီများက အဓိကထားရှာဖွေနေကြခြင်းဖြစ်သည်။

ယင်းသုတေသနများထဲတွင် အခြားသောရောင်ရမ်းခြင်းရောဂါများအတွက် သုံးသည့်ဆေးဝါးများကို အရေးကြီး စိတ်ကျဝေဒနာခံစားနေရသူများတွင်သုံးနိုင်ခြင်း ရှိ/မရှိ စစ်ဆေးရန်လည်းပါဝင်နေသည်။ သုတေသနတွင် ဦးနှောက်ရောင်ရမ်းမှုကို PET ပုံရိပ် ဖော်စနစ်ဖြင့် စစ်ဆေးခဲ့ပြီး ဦးနှောက်ဆဲလ်များဖြစ်သည့် microglia ဆဲလ်များက ထိခိုက်ဒဏ်ရာနှင့်မတော်တဆမှုများတွင် ပုံမှန်ရောင်ရမ်းခြင်းတုန့်ပြန်မှုကို ဖြစ်စေသော်လည်း ရောင်ရမ်းခြင်းလွန်ကဲသည့်အခြေအနေများကဇရာကြောင့် ဖြစ်သည့်ရောဂါများနှင့် သာမကစိတ်ကျဝေဒနာနှင့်ပါ ဆက်စပ်နေသည်။ ဦးနှောက်ထဲကရောင်ရမ်းခြင်းဖြစ်စေသည့် microglia ဆဲလ်များလှုပ်ရှားလာသည့်အခါ PET ပုံရိပ်ဖော်စက်တွင် တွေ့ရှိနိုင်သည့်Translocator protein (TSPO) များကိုပိုထုတ်ပေးသည်။

သုတေသနထဲတွင်စိတ်ကျဝေဒနာကို ၁၀ နှစ်အထက်ခံစားနေရသည့်ဝေဒနာရှင် ၂၅ ဦး၊ ၁၀ နှစ် အောက်ခံစားနေရသည့်ဝေဒနာရှင် ၂၅ ဦးနှင့်စိတ်ကျဝေဒနာမရှိသူ ၃၀ ဦးပါဝင်ခဲ့ရာရလဒ်အနေဖြင့် TSPO ပမာဏကကုသမှုမခံယူထားသည့်ကာလရှည် စိတ်ကျဝေဒနာခံစားနေရသူများတွင် ကာလတို စိတ်ကျဝေဒနာခံစားရပြီး ကုသမှုမခံယူထားသူများထက် ၃၀ ရာခိုင်နှုန်းပိုများနေသည်ကို တွေ့ခဲ့ရသည်။
ထို့ကြောင့် သုတေသီများကပြင်းထန်စိတ်ကျဝေဒနာကိုကာလရှည်ခံနေရသည့်လူနာတို့ကို သေချာရွေး                  ထုတ်ပြီးထပ်ပေါင်းကုထုံးများပေးသင့်ကြောင်း အကြံပြုထားသည်။                  

 (WP)






အခြားဆက်စပ်သတင်းများ