နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေနှင့်လုပ်ငန်းလိုင်စင်များလျှောက်ထားနိုင်

ရန်ကုန် ၊ မေ ၁၇


လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဋ္ဌာနအနေနှင့် စွမ်းအင်ကဏ္ဍတွင်နိုင်ငံတော်စီးပွားရေးအခန်းကဏ္ဍ ထပ်မံ    တိုးချဲ့ဆောင်ရွက်မှုများကိုမပြုလုပ်တော့ဘဲ ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာရေးအတွက်သာ ပိုမိုလမ်းဖွင့် လုပ်ဆောင်ပေးလျက်ရှိသည်။ 


အဆိုပါဆောင်ရွက်မှုများအရ စက်သုံးဆီလုပ်ငန်းဆိုင်ရာ လုပ်ငန်းလိုင်စင်အသစ်များ ချထားပေးခြင်း၊ လုပ်ငန်းလိုင်စင်အသစ်များအား သက်တမ်းတိုးဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့လုပ်ငန်းလိုင်စင်များကိုချထားဆောင်ရွက်ပေးရာတွင် လုပ်ငန်း လိုင်စင်ခွင့်ပြုပေးရုံမျှမကဘဲ စက်သုံးဆီများအရည်အသွေးမှန်ကန်မှုရှိစေရေးနှင့် အခြင်အတွယ် မှန်ကန်မှု ရှိစေရေးအတွက်လည်း လိုအပ်သည့် ထိန်းကျောင်းမှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။


 အဆိုပါ ဆောင်ရွက်ပေးနေမှုများအရ ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေနှင့်လုပ်ငန်းလိုင်စင်များ လျှောက်ထားနိုင်နိုင်ကြောင်း ၂၀၂၀ ပြည့်နှစ်မေလ ၁၅ ရက်က သတင်းထုတ်ပြန်ပေးခဲ့သည်။ 


ထို့ကြောင့်ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေး စစ်ဆေးခြင်းလုပ်ငန်းအတွက် လုပ်ငန်းလိုင်စင်ရယူလိုသောပုဂ္ဂိုလ်(သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်)အဖွဲ့အစည်းသည်သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ကွက်ရန်မရှိကြောင်း ထောက်ခံစာ နှင့်အတူ  ဦးဆောင်ညွန်ကြားရေးမှူး  ၊ မြန်မာရေနံဓာဗေဒလုပ်ငန်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသို့ လျှောက်ထားနိုင်ကြောင်း သိရ သည်။



ထိုသို့လျှောက်ထားရာတွင် လုပ်ငန်းလိုင်စင်လျှောက်ထားသည့်ပုဂ္ဂိုလ် (သို့မဟုတ်) ကုမ္ပဏီ (သို့မဟုတ်) အဖွဲ့အစည်း၏ အမည်၊ လိပ်စာ၊ မှတ်ပုံတင်/ကုမ္ပဏီမှတ်ပုံတင်၊ လက်မှတ်မိတ္တူ၊ နိုင်ငံခြားကုမ္ပဏီ (သို့မဟုတ်)အဖွဲ့အစည်းဖြစ်လျှင် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မိတ္တူ၊ လျှောက်ထားသူ ၏ ၂ x ၁.၅ လက်မဓာတ်ပုံ၊ အမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊ တာဝန်ခံဆောင်ရွက် မည့်ပုဂ္ဂိုလ်အမည် နှင့် လိပ်စာဖုန်းနှင့် email လိပ်စာ၊ ရေနံနှင့်ရေနံထွက်ပစ္စည်း အရည်အသွေးစစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်မည့်တည်နေရာ၊ အကျယ်အဝန်းနှင့်အဆောက်အအုံ အသေးစိတ်ဒီဇိုင်းပုံစံ/အကွက်ချပုံစံ (Layout plan/Detail Design Drawing  စမ်းသပ်ပြုလုပ်ပေးနိုင်မည့်ရေနံနှင့် ရေနံထွက်ပစ္စည်းအမျိုးအစားများ၊ တပ်ဆင်ဆောင်ရွက်မည့်ရေနံနှင့်ရေနံထွက်ပစ္စည်းများ၏ အရည်အသွေးနှင့်စံချိန်စံညွန်းများကို စမ်းသပ်     တိုင်းတာသည့်စမ်းသပ်ကိရိယာနှင့် အသုံးပြုမည့်ဓာတုပစ္စည်းများ၊ စမ်းသပ်ရေးအရာရှိအရည်သွေး စမ်းသပ်သူ၊ နာမူနာယူသူနှင့် အခြားဝန်ထမ်းဖွဲ့စည်းပုံနှင့်ခန့်ထားမည့်အစီအစဉ်၊ လျှောက်ထားသူများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြည်  တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်များနှင့်အတူ လျှောက် ထားကြရမည်ဖြစ်သည်။


 အသေးစိတ်သိရှိလိုပါက မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၊ ကုန်ထုတ်လုပ်မှုဌာန၊ ဖုန်း ဝ၆၇-၃၄၁၁၀၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

ကိုသာစစ်






အခြားဆက်စပ်သတင်းများ