နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးအကျိုးကျေးဇူးများစွာပေးစွမ်းနိုင်သည့် ချင်း

ဧပြီ      ၂၅

ချင်းသည် အလွန်ဆေးဖက်ဝင်သည့်အစားအစာတစ်မျိုးဖြစ်သည့်အပြင် ဆေးဖော်စပ်ရာတွင်လည်း အလွန်အစွမ်းထက်လှသည့်သဘာဝဆေးတစ်မျိုးဖြစ်သည်။ ချင်းပြုတ်ရည်ကို အမျိုးသမီးများသာမက အမျိုးသားများလည်း မကြာခဏသောက်သုံးပေးသင့်သည်။ ဆေးဖက်ဝင်အဖြစ် ချင်းပြုတ်ရည်သောက်သုံးလိုပါက ချင်းတက်ကိုအခွံခွာ၊ အကွင်းလိုက်ပါးပါးလှီး၍ ပွက်ပွက်ဆူနေသောရေနွေးအိုးထဲကိုထည့်ပြီးနောက် ၁၀ မိနစ်၊ ၁၅ မိနစ်ခန့်ပြုတ်ထားပေးရမည်။

ထို့နောက် ရေနွေးအိုးကိုအောက်ချ၊ အဖုံးအုပ်ထားပြီး ၁၀ မိနစ်ခန့်ထားပြီး ခပ်နွေးနွေးဖြစ်ပါက ခွက်ထဲကို ချင်းပြုတ်ရည်ထည့်၍ ရှောက်သီးတစ်စိတ်ညစ်ထည့်ကာပျားရည်လက်ဖက်စားဇွန်း၂ ဇွန်းလောက်ထည့်ပြီး ပူဒီနာရွက်၂ ရွက်ခန့်ထည့်ကာသောက်သုံးနိုင်ပြီဖြစ်သည်။
ချင်းကို ချင်းပြုတ်ရည်လုပ်သောက်နိုင်ရုံသာမက ချင်းသုပ်စားခြင်း၊ ဟင်းချက်ရာတွင် ထည့်သွင်းစားသုံး ခြင်းစသဖြင့် အမျိုးစုံးပြုလုပ်၍ စားသုံးပေးနိုင်သည်။ ချင်းတွင်ပါဝင်သည့် Manganese ဓာတ်သည် Testosterone ထုတ်လွှတ်မှုများပြားသည့်အတွက် မျိုးအောင်နှုန်းကိုပိုမိုမြင့်တက်လာစေသည်။ သွေးလည်ပတ်မှုကို အားကောင်းလာစေသည့်အတွက် အမျိုးသားများအတွက် အိမ်ထောင်မှုသုခကိုပြည့်ဝစေသည်။

ချင်းတွင် ပါဝင်သည့်ဗီတာမင်ဓာတ်တစ်မျိုးသည်နှလုံးသွေးကြောကျဉ်းစေသည့် သွေးခဲများကိုလည်း လျှော့ချပေးနိုင်သည့်အတွက် နှလုံးရောဂါနှင့်အူမကြီးကင်ဆာဖြစ်ပွားမှုများကိုပါလျှော့ချပေးနိုင်စွမ်းရှိသည်။ သွေးထဲပါဝင်နေသည့်အချိုဓာတ်များကို လည်းလျှော့ချပေးနိုင်သည့်အတွက် ဆီးချိုသွေးချိုသမားများလည်း ချင်းကို မကြာခဏစားသုံးပေးသင့်သည်။                           (WP)






အခြားဆက်စပ်သတင်းများ