ရန်ကုန် မေ ၁၇
မကြာမီမိုးရာသီသို့ရောက်ရှိလာတော့မည်ဖြစ်သဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနှင့် ကုန်တင် မော်တော်ယာဉ်များ၏ ကုန်ပစ္စည်းများ သယ်ယူတင်ဆောင်နိုင်မှုအခြေများကို နွေရာသီကာလသတ်မှတ် ခွင့်ပြုတန်ချိန်မှ မိုးရာသီသတ်မှတ်ခွင့်ပြုတန်ချိန်သို့ ပြောင်းလဲသတ်မှတ် ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့်ကုန်တင်ယာဉ်များ၊ တွဲယာဉ်များအနေနှင့်၂၀၂၀ ပြည့်နှစ် မေလ ၁၆ ရက်မှစတင်ကာ အဆိုပါ သတ်မှတ်ချက်များအတိုင်း ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ကြရမည်ဖြစ်သည်။
ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေနှင့် ဝင်ရိုး ၅ ခုပါ (lift Axcle)ပါ ၁၄ ဘီး ကုန်တင်မော်တော်ယာဉ်ကြီးများကို နွေကာလက တန်ချိန် ၃၁ တန်ခွင့်ပြုခဲ့ရာမှ ယခုမိုးရာသီကာလတွင်တန်ချိန် ၃၀ တန်သို့၊ ဝင်ရိုး ၄ ခုပါ ၁၄ ဘီး ကုန်တင်မော်တော်ယာဉ်ကြီးများအား နွေကာလကတန်ချိန် ၃၄ တန်မှ ယခုမိုးရာသီတွင် ၃၃ တန်သို့၊ ဝင်ရိုး ၅ ခုပါ ၁၈ ဘီး ကုန်တင်မော်တော်ယာဉ်ကြီးများကို နွေကာလ ၄၆ တန်မှ မိုးတွင်းကာလ ၄၁ တန်သို့၊ ဝင်ရိုး ၆ ခုပါ ၂၂ ဘီး ကုန်တင်ယာဉ်ကြီးနွေကာလ ၅၀ ဒသမ ၅ တန်မှ မိုးတွင်းကာလ ၄၈ တန်သို့၊ ဝင်ရိုး ၆ တန်း၊ တန် ၂၆ ဘီး(နောက်တွဲပါ) Low bod ယာဉ်များကို နွေကာလ ၅၅ တန်မှ မိုးတွင်းကာလ ၅၃ တန်သို့ ပြောင်းလဲ သတ်မှတ်ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်တင်မော်တော်ယာဉ်ကြီးများ၏ မိုးရာသီအတွက် သယ်ယူတင်ဆောင်ရန် ကုန်ပစ္စည်း တန်ချိန် ပြောင်းလဲသတ်မှတ်ခြင်းအား ဖြေလျှော့ပေးရန် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ် များအသင်းမှ တင်ပြလာခဲ့သည်။
အဆိုပါတင်ပြချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်းရှိ B.O.T/ လမ်းဦးစီးဌာနမှ ကောက်ခံသောလမ်း/တံတားဂိတ်များတွင် ယာယီအစီအစဉ်အရမိုးတွင်းကာလတွင် ၁၈ ဘီး နောက်တွဲ ယာဉ်များကို (ယာဉ်-ကုန်) တန်ချိန် ၄၀ တန် သတ်မှတ်ရာမှ ၂ ဒသမ ၅ တန်ထပ်မံတိုး၍ ၄၃ ဒသမ ၅ တန်ဖြင့် ဆက်လက်ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ Axcle Load နှင့်ပတ်သက်၍ တံတားများအတွက် သတ်မှတ်ချက်သည် တံတားဦးစီးဌာန၏ ခွင့်ပြုချက်အတိုင်းသာဖြစ်ကြောင်း သိရသည်။
ရွှေဒုံသစ္စာ