နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိပ်စက်ချိန်တွင် ရေဓာတ်ခန်းခြောက်တတ်သည်ကိုဂရုပြုရန် လိုအပ်

ဧပြီ       ၂၅

အိပ်စက်ချိန်တွင် ရေဓာတ်ခန်းခြောက်တတ်သည်ကို ဂရုပြုရန်လိုအပ်ပြီးမအိပ်စက်မီလိုအပ်သော အရည်ဓာတ်ကိုပြည့်ဝအောင်သောက်သုံးထားသင့်ကြောင်း အမေရိကန်သုတေသီများက ပြောသည်။

ခန္ဓာကိုယ်အတွက်လိုအပ်သောရေဓာတ်ကိုအပြည့်အဝရရှိစေရန်နေ့စဉ်အချိန်မှန်ရေနှင့်အခြားသောရေဓာတ်ပါသည့်အစားအစာများကိုသောက်စားပေးရန်လိုအပ်ကြောင်း၊ အမျိုးသားများသည်တစ်နေ့လျှင် ရေ ၃ လီတာ အနည်းဆုံးသောက်ရန်ဖြစ်ပြီးအမျိုးသမီးများသည်အနည်းဆုံး ၂ လီတာသောက်ပေးရန်လိုအပ်ကြောင်း၊ တစ်နေ့တာအချိန်တွင်ရေဆာသည့်စိတ်ကြောင့် ရေသောက်ရန်သတိရကြသော်လည်း ညအိပ်ချိန်တွင် အိပ်ပျော် သွားခြင်း၊ တရေးနိုးရေထသောက်ရန်ပျင်းခြင်းအစရှိသည်တို့ကြောင့် ညအိပ်စက်ချိန်တွင်ရေဓာတ်ခန်းခြောက် မှုကိုလူအများခံစားနေရခြင်းဖြစ်ကြောင်း သိရသည်။

အိပ်စက်ချိန်တွင် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် သိမြင်မှုဆိုင်ရာစွမ်းရည်ကိုကျဆင်းစေကြောင်း၊ အထူးသဖြင့် အိပ်စက်ချိန်တွင် ဟောက်တတ်သူများသည်ပါးစပ်ဖြင့် အသက်ရှူသူများဖြစ်ပြီး ၄င်းတို့သည် နှာခေါင်းဖြင့် အသက်ရှူသူများထက်ရေဓာတ်ခန်းခြောက်မှု ၄၂ ရာခိုင်နှုန်းပိုကြောင်း၊ တစ်ညလုံးနှစ်ခြိုက်စွာ အိပ်မရသူများသည်လည်းရေဓာတ်ခန်းခြောက်မှုပို၍ မြန်ကြောင်းသုတေသီများက ပြောသည်။
ရေဓာတ်ခန်းခြောက်မှုကြောင့် မှတ်ဉာဏ်ထိခိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း၊ အသေးစိတ်အချက်အလက် များကိုအာရုံမစိုက်နိုင်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာနှင့်စိတ်ပိုင်းဆိုင်ရာသိမြင်နိုင်မှုစွမ်းရည်ကျဆင်းခြင်း၊ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုအပြောင်းအလဲမြန်ခြင်းအစရှိသော စိတ်ပိုင်းဆိုင်ရာဂဏှာမငြိမ်မှုများစွာကိုခံစားရနိုင်ကြောင်း သုတေသီများက ပြောသည်။                                      

(သူရိန်)






အခြားဆက်စပ်သတင်းများ