နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားပြတိုက်( နေပြည်တော် )၏ ပြခန်းများအား National Museum Nay Pyi Taw Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်

ရန်ကုန် မေ ၁၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနအနေဖြင့်ယဉ်ကျေးမှုအမွေအနှစ်များနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတဆိုင်ရာ ဗဟိုဌာနများအဖြစ် အမျိုးသား ပြတိုက် (နေပြည်တော်၊ ရန်ကုန်)နှင့် တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးတွင် ရှေးဟောင်းသုတေသန ပြတိုက်များ၊ ယဉ်ကျေးမှုပြတိုက်များ၊ အထိမ်းအမှတ်ပြတိုက်များနှင့်ဗုဒ္ဓပြတိုက်များ စသည်တို့ကို ဖွင့်လှစ် ကာ အများပြည်သူများ ဝင်ရောက်လေ့လာနိုင်ရန် ခင်းကျင်းပြသပေးလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်တွင် ကျရောက်မည့် အပြည်အပြည်ဆိုင်ရာပြတိုက်များနေ့ International Museum Day-2020 အထိမ်းအမှတ်Digital Museum Activity အဖြစ်လည်းကောင်း၊ ယခု လတ်တလော ဖြစ်ပွားနေသည့် COVID-19 Pandemic ကာလအသွားအလာကန့်သတ်ထားသည့် အချိန်တွင် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် ပြတိုက်နှင့်အများပြည်သူများအကြား အဆက်အသွယ်မပြတ်စေရန် လည်းကောင်း ရည်ရွယ်၍ OnlineExhibition ကိုစီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစီစဉ်ဆောင်ရွက်မှုများအရ ၂၀၂၀ ပြည့်နှစ် မေလ ၁ ရက်မှစတင်၍ National Museum Nay Pyi Taw FacebookPage တွင် စတင်ပြသခဲ့သည်။ အဆိုပါ Page တွင် အမျိုးသားပြတိုက် (နေပြည်တော်) ၌ ခင်းကျင်းပြသထားသည့် ပြခန်းတစ်ခုချင်းစီအား ပြတိုက်မှူး များ၏ ရှင်းလင်းချက်များနှင့်တကွ လွှင့်တင်ထားပြီးသဖြင့် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ကြောင်း သိရသည်။

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ