ဖားကန့် ဧပြီ ၂၅
ဖားကန့်မြို့နယ်၌ ငွေကျပ်သိန်း ၁၆၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဧပြီ ၂၃ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု လှေခါကျေးရွာနေ မဝင်းကြည်၏နေအိမ်ကိုရှာဖွေရာ ၎င်းနှင့်အတူ ဇော်လတ်(ခ) အားရုတ်ကိုတွေ့ရပြီး နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြား ၇၆၀၀ နှင့် ဘိန်းဖြူ သုည ဒသမ ၀၀၅ ကီလို၊ ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကာ စစ်ဆေးပေါ်ပေါက်ချက်အရ ဇော်လတ်(ခ) အားရုတ်နေထိုင်သည့် ဖားကန့်မြို့နယ် ဘွမ်နန်ကျေးရွာရှိ နေအိမ်မှ စုစုပေါင်း ငွေကျပ်သိန်း ၁၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၈၅ နှင့် ဘိန်းဆီခဲ ၂ ဒသမ ၈ ကီလိုထပ်မံ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ် လျက်ရှိ ကြောင်း သိရသည်။ ဆွေဦး