နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိတ်ဓာတ်ကျခြင်းသည် ကိုလက်စထရောကဲ့သို့ နှလုံးကိုထိခိုက်စေနိုင်

ဧပြီ        ၂၄

ဆေးလိပ်သောက်ခြင်း၊ သွေးတွင်းကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းအစရှိသည်တို့ကြောင့် နှလုံးခုန် ရုတ်တရက်ရပ်တန့်ခြင်းဖြစ်ပွားနိုင်သကဲ့သို့ပင် စိတ်ဓာတ်ကျဆင်းမှုလွန်ကဲခြင်းကြောင့်လည်း နှလုံးခုန် ရုတ်တရက် ရပ်တန့်နိုင်ပြီး နှလုံးခုန်မရပ်တန့်လျှင်လည်းသွေးတွင်းကိုလက်စထရောများခြင်းကြောင့် နှလုံးကိုထိခိုက်စေနိုင်သည်ကဲ့သို့ပင် ထိခိုက်စေနိုင်မည်ဖြစ်ကြောင်း ဥရောပသုတေသီများက ပြောသည်။

နှလုံးရောဂါကိုဖြစ်စေသည့် အဓိကအကြောင်းရင်းမှာအဝလွန်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ သွေးပေါင်ချိန်မြင့်တက်ခြင်းနှင့်ဆေးလိပ်သောက်ခြင်းတို့ဖြစ်သည်။ အသက် ၄၅ နှစ်မှ                                                                                                                         ၇၄ နှစ် အရွယ်ဥရောပနိုင်ငံသား ၃,၄၀၀ ဦးကို ၁၀ နှစ်ကြာအောင်စောင့်ကြည့်လေ့လာခဲ့သည့်အခါ နှလုံးသွေးကြောကျဉ်းရောဂါကြောင့် ဖြစ်စေ၊ နှလုံးခုန်ရုတ်တရက်ရပ်ခြင်းကြောင့်ဖြစ်စေ သေဆုံးခဲ့သူများမှာ ပြင်းထန်သည့် စိတ်ကျရောဂါလည်းရှိနေသည်ကို တွေ့ရသည်။

စိတ်ကျရောဂါခံစားနေရခြင်း ရှိ၊ မရှိကို စိတ်ခံစားမှုအပြောင်းအလဲမြန်ခြင်း၊ စိုးရိမ်ကြောင့်ကြမှုလွန်ကဲ ခြင်း၊ မောပန်းနွမ်းနယ်လွယ်ခြင်းတို့ဖြင့် ဆုံးဖြတ်ရကြောင်း၊ နှလုံးသွေကြောကျဉ်းသူများ စိတ်ကျရောဂါခံစားရလျှင်သေဆုံးနိုင်ခြေ ၁၅ ရာခိုင်နှုန်းဖြစ်ပြီး ကိုလက်စထရောမြင့်မားခြင်း၊ အဝလွန်ကဲခြင်းတို့ကို ခံစားနေရသူများတွင်သေဆုံးနိုင်ခြေ ၈ မှ ၂၁ ရာခိုင်နှုန်း၊ ဆီးချိုရောဂါခံစားနေရသူများတွင် သေဆုံးနိုင်ခြေ ၅ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။

စိတ်ကျရောဂါခံစားနေရသူများတွင် နှလုံးရောဂါကိုဖြစ်စေနိုင်သော အကြောင်းရင်းအကြောင်းခံအနည်းဆုံးတစ်ခုရှိလျှင်ပင် အသက်သေဆုံးရန်ရာခိုင်နှုန်းမြင့်မားလာလေ့ရှိကြောင်း၊ ထို့ကြောင့်စိတ်ဓာတ်ကျဆင်းမှုလွန်ကဲခြင်းသည်။ ကာလရှည်ကြာစွာဖြစ်ပွားလာလျှင် စိတ်ကျန်းမာရေးဆရာဝန်များနှင့်အချိန်မီပြသကာကုသမှုကိုခံယူရန်လိုအပ်ကြောင်း နားလည်တတ်ကျွမ်းသူများက အကြံပေးထားသည်။        (သူရိန်)






အခြားဆက်စပ်သတင်းများ