ဧပြီ ၂၄
အဆီများသော အစားအသောက်များကို စားသုံးခြင်းကြောင့် ကျန်းမာရေးဆိုးကျိုးများစွာ ထိခိုက်ပျက်စီးမှု ဖြစ်ပွားကြသည်။ ထိုကဲ့သို့ ဆိုးရွားသည့်နောက်ဆက်တွဲပြဿနာများ၊ ရောဂါများ (ဥပမာဆီးချိုရောဂါ) များဖြစ်ပွားခြင်းကို ကာကွယ်နိုင်သည့်စွမ်းရည်မှာ ငါးကြီးဆီဖြည့်စွက်စားသုံးခြင်းပင်ဖြစ်ကြောင်း ဘရာဇီးနိုင်ငံ ဆာပေါ်လိုတက္ကသိုလ်မှ သုတေသနအဖွဲ့က လေ့လာမှုတစ်ခုမှ သိခဲ့ရသည်။
အဆိုပါ တွေ့ရှိချက်ကို The Journal of Physiology မှထည့်သွင်းဖော်ပြထားသည်။ ငါးကြီးဆီစားသုံးခြင်း ၏ အကျိုးကျေးဇူးများမှာ ကိုယ်အလေးချိန်လျော့ကျစေခြင်း၊ မျိုးအောင်နိုင်စွမ်းမြှင့်တင်စေခြင်း၊ အသားအရေကောင်းမွန်စေနိုင်ခြင်းနှင့်အားအင်ပြည့်ဖြိုးလာစေခြင်းတို့ဖြစ်ကြောင်း သိရသည်။
သုတေသနတွင် ဇီဝကမ္မဆိုးကျိုးဖြစ်စဉ်များကို ငါးကြီးဆီစားသုံးခြင်းဖြင့် ရပ်တန့်သွားစေနိုင်ကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။
(WP)