ညောင်တုန်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်ထည်ဖော် ဆောင်ရွက်ခဲ့သော စားကျက်ကျေးရွာ မြစိမ်းရောင်စီမံကိန်းကျေးရွာ၏ လည်ပတ်ရန်ပုံငွေကို မေ ၁၇ ရက် နံနက် ၉ နာရီက အ-မ-က (စားကျက်) ၌ ပြန်လည်ထုတ်ပေးခဲ့ရာ ပြည်သူများ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ လူစုလူဝေးမဖြစ်စေရန် တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာ သတ်မှတ်ပေးပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝဠာနိုင် (ညောင်တုန်း)