နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် တာဝန်ရှိသူများအား တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူများအား ဧပြီ ၁ ရက်၊ နံနက် ၁၀ နာရီတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် ဝန်ကြီးချုပ်အား အဆိုပါအသင်းချုပ်မှ တာဝန်ရှိသူများက COVID-19 ရောဂါ ကာကွယ်ရေး အတွက် ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ လှူဒါန်းခဲ့ကြသည်။ ‌တွေ့ဆုံစဉ်တွင် စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ (ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့)






အခြားဆက်စပ်သတင်းများ