နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝေါမြို့နယ်၌ ငွေကျပ်သိန်း ၆ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား လေးသိန်း သိမ်းဆည်းရမိ

ဝေါ ဧပြီ ၂၄
ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်၌ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွေးဆေးပြား လေးသိန်း သိမ်းဆည်းရမိခဲ့ကြောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၁ ရက် နံနက်၉ နာရီခွဲ၌ သတင်းအရ မြို့နယ် ဒိုက်ဦးတောင်းလမ်းရှိ ညောင်ခါးရှည်ကျေးရွာနီး၌ စိုင်းလွမ်းဖုမ်မောင်းနှင်လာသည့် ယဉ်ကို ရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ်သိန်း ၆၀၀၀ တန်ဖိုးရှိ စီတ်ကြွ ရူးသွပ်ဆေးပြားလေးသိန်း သိမ်းဆည်းရမိခဲ့ကြောင်းနှင့် စစ်ဆေးပေါ်ပေါက်ချက်ရ သိမ်းဆည်းရမိသော စိတ်ကြွရူးသွပ်ပြားများအား ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ် ဝမ်းကန်ကျေးရွာမှ ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား မူယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီးကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 ဆွေဦး






အခြားဆက်စပ်သတင်းများ