နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ်အတွင်း ကျန်းမာရေးစစ်တမ်း ကောက်ယူနေ မှုများအား ရန်ကုန်တိုင်းဝန်ကြီးချုပ် သွားရောက်စစ်ဆေး

ရန်ကုန်   မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်၍ အစိုးရအဖွဲ့ဝင် ဝန်ကြိးများသည် ယနေ့ နံနက်ပိုင်းက တာမွေမြို့နယ် အတွင်းရှိ ပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်း၊ စစ်တမ်းကောက်ယူခြင်းများအား သွားရောက်ကြည်ရူ့အားပေးခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေးနှင့် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တာမွေမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးအစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းအတွင်း ကျန်းမာရေး စစ်တမ်း ကောက်ယူရာတွင် ရရှိခဲ့သည့် အချက်အလက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

ယခု စစ်တမ်းကောက်ယူရာတွင်COVID - 19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက်  ပြည်သူများအား ကျန်းမာရေး စစ်ဆေးသည့် စက်ပစ္စည်းများ တပ်ဆင်ထားသော မော်တော်ယာဉ်(၄)စီးဖြင့် ရပ်ကွက်အလိုက် ကျန်းမာရေးစစ်ဆေးပေးပြီး ကျန်းမာရေးစစ်တမ်း ကောက်ယူခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သတင်း  မိုးမြင့်မောင်
ဓာတ်ပုံ ကျော်သူထက်






အခြားဆက်စပ်သတင်းများ