နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိမ္မော်ရည် သောက်သုံးခြင်းဖြင့်လူကြီးများ၏ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်

ဧပြီ       ၂၃

နေ့စဉ် လိမ္မော်ဖျော်ရည် သောက်သုံးပေးခြင်းသည်အသက်ကြီးသူများအတွက် ဦးနှောက်စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သုတေသနတစ်ခုကတွေ့ရှိထားသည်။ လိမ္မော်ရည်နေ့စဉ်သောက်သုံးခြင်းသည် မှတ်ဉာဏ်၊ စကားပြောခြင်းနှင့်တုံ့ပြန်မှုတို့တွင် ၂ လအတွင်း သိသိသာသာတိုးတက်လာစေနိုင်ကြောင်း သုတေသနပြုချက်အရ သိရသည်။

သိပ္ပံပညာရှင်များတွေ့ရှိခဲ့ချက်အရ Flavonoids ဟုခေါ်သည့် ဓာတုဗေဒ ပစ္စည်းတစ်မျိုးကြောင့်ဖြစ်သည်။ အဆိုပါ ဓာတုဗေဒပစ္စည်းကို လိမ္မော်သီးထဲတွင် ပမာဏများများ တွေ့ရကြောင်း သိရသည်။

အဆိုပါ Flavonoids သည်ဦးနှောက်၏သင်ကြားမှုနှင့်မှတ်ဉာဏ်တို့ကိုလုပ်ဆောင်သည့်အပိုင်း Hippocampus ကိုအချက်ပြခြင်းနှင့်လှုံ့ဆော်ပေးသည့်အတွက် ဦးနှောက်၏စွမ်းရည်ကိုမြှင့်တင်ပေးနိုင်ကြောင်း Reading တက္ကသိုလ်မှ သုတေသီများကဆွေးနွေးခဲ့ကြသည်။ Reading တက္ကသိုလ်မှ သုတေသီအဖွဲ့သည်အသက် ၆၀ မှအသက် ၈၁ နှစ်ကြားရှိအမျိုးသမီး ၂၄ ယောက်နှင့်အမျိုးသား ၁၃ ယောက်ကို ၈ ပတ်တိတိနေ့စဉ် လိမ္မော်ရည် ၅၀၀ မီလီလီတာသောက်သုံးစေပြီးလေ့လာကြည့်ခဲ့ရာ ၈ ပတ်အကြာတွင်ယင်းတို့၏ဦးနှောက်ထဲမှ စွမ်းရည်ပိုင်းဆိုင်ရာတိုးတက်မှုများရှိလာသည်ကိုတွေ့ခဲ့ရကြောင်း သိရသည်။

ယင်းတို့၏မှတ်ဉာဏ်များ၊ တုံ့ပြန်မှုများနှင့် စကားပြောအရည်အသွေးများသည် လေ့လာမှုမစမီနှင့်လေ့လာမှုအပြီးတွင်ကွာခြားမှုများရှိလာခဲ့သည်။ ယင်းတို့၏ဦးနှောက်စွမ်းရည်များသည် ၂ လအတွင်း ၈ ရာခိုင်နှုန်း တိုးတက်လာကြောင်းတွေ့ရသည်။ လိမ္မော်ရည်သည်လူကြီးများ၏ မှတ်ဉာဏ်ကောင်းမွန်လာစေနိုင်သည်ကို သိထားသင့်သည့် အချက်တစ်ချက်ဖြစ်ကြောင်းသုတေသီများက ပြောထားသည်။         

(WP)






အခြားဆက်စပ်သတင်းများ