နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုက်ထဲမှာဘာအစာမျှမရှိတဲ့အချိန် ကော်ဖီသောက်မိတဲ့အခါ

ရန်ကုန် ဧပြီ ၂၃
အသင့်အတင့်ကော်ဖီသောက်ခြင်းက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာကို လူတိုင်းသိပြီးဖြစ်ကြပါတယ်။ အထူးသဖြင့်ကော်ဖီထဲမှာပါရှိတဲ့ ခန္ဓာကိုယ်အကျိုးပြုဓာတ်တိုးဆန့်ကျင်ပစ္စည်းများဟာ အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ သို့သော် အသီးအနှံမျိုးနွယ်ဝင် ကော်ဖီစေ့ထဲမှာ Chlorine genic အက်ဆစ် (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါရှိနေတာကို တွေ့ရပါတယ်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ၊ ၎င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းဟာ ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ်၊ တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာဘာအစာမျှမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွားတဲ့ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင်တယ်လို့ဆိုပါတယ်။ အသေးစိတ်အနေဖြင့်ပြောရရင် ဟာလာဟင်းလင်းဖြစ်နေတဲ့ အစာအိမ် ထဲကို ဘလက်ခ်ကော်ဖီ (နို့လုံးဝမပါတဲ့ကော်ဖီကြမ်း) တစ်ခွက်လောင်းထည့်လိုက်တဲ့အခါ အစာခြေ အင်္ဂါအစိတ်အပိုင်းများထဲမှ Hydrochloric အက်ဆစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရောဂါ ကိုဖြစ်စေနိုင်ပါတယ်။ အကယ်၍မည်မျှပင် ကျန်းမာနေသောအစာအိမ်ဖြစ်ပါစေ ဤကဲ့သို့သောက်သုံးလိုက် ခြင်းကြောင့် Hydrochloric အက်ဆစ်များဟာ အစာအိမ်ထဲမှာပျံ့နှံ့သွားပြီးနောက် ထမင်း (သို့မဟုတ်) အဖတ်တွေစားပြီးတဲ့အခါ ထိုအစားအစာတွေကို အစာအိမ်က ကောင်းစွခြေဖျက်နိုင်ဖို့ ခက်ခဲသွားပါပြီ။ ဒါ့ပြင် ထိုအစားအစာများထဲမှာပါရှိတဲ့ ပရိုတင်းအာဟာရတန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ်လုနီးပါး ဖြစ်သွားပါတော့တယ်။ ၎င်း၏နောက်ဆက်တွဲအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်ဆစ်အထွက်များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်း တို့အပြင် အဆုံးစွန်သောဆိုးကျိုးအဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်ပါတယ်။
တစ်ဖန်အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူများက အိပ်စက်ခြင်းနှင့်ကော်ဖီသောက် သုံးခြင်းကြောင့် သက်ရောက်မှုများကို လူ ၅ ဦးဖြင့် အချိန်တစ်လခွဲကြာလေ့လာခဲ့ကြရာ (က) ကော်ဖီ တွင်ပါဝင်သော ကဖိန်းဓာတ်က ကိုယ်တွင်းဇီဝဖြစ်စဉ်များကို မိနစ် ၄၀ ခန့်နောက်ကျစေကြောင်း၊ (ခ)ညနေပိုင်းကော်ဖီသောက်သုံးခြင်းက အိပ်ရာဝင်ချိန်ကို တစ်နာရီခွဲခန့်အထိ နောက်ကျသွားစေကြောင်း၊ (ဂ)ညအိပ်ယာဝင်ချိန်မတိုင်မီ သုံးနာရီအတွင်းကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသောဟိုမုန်း များထုတ်လုပ်မှုကို မိနစ် ၄၀ ခန့်နောက်ကျစေကြောင်း၊ (ဃ) ညနေပိုင်းကော်ဖီသောက်ခြင်းက အိပ်မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေကြောင်း စသည်ဖြင့် အဖြေထွက်ရှိတာကြောင့် ၎င်းအချိန်များမှာလည်း ကော်ဖီသောက်ရန်မသင့်ပေ။ (င) အရေးကြီးဆုံးအချက်က နံနက်အိပ်ရာထ ချက်ချင်းကော်ဖီကို အလျင်စလိုမသောက်ပါနှင့်။ အဘယ်ကြောင့်ဆိုသော် နံနက်အိပ်ရာနိုးထချိန် ကော်ဖီသောက်မိတဲ့အခါ ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏတွေရုတ်တရက်တိုးပွားလာကြပြီး ၎င်း cortisol တွေက ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်နာရီများကို  ကြီးမားတဲ့အဟန့်အတားတွေ ဖြစ်စေလို့ပါပဲ။ (စ) သို့သော်ကော်ဖီသောက်သုံးခြင်းက စံတော်ချိန်မတူညီသော နိုင်ငံများသို့ ခရီးထွက်ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။
ဒါကြောင့်လည်း ကျန်းမာရေးသုတေသီများက ကော်ဖီ‌သောက်ရန်အသင့်တော်ဆုံးအချိန်ကို (က) နံနက် အိပ်ရာထပြီးနောက် တစ်နာရီခန့်အကြာမှာသောက်ပါ (သို့မဟုတ်) ကော်ဖီမသောက်ခင်အဖတ်တစ် ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်းတစ်ချပ်လောက်ဖြစ်စေ စားပြီးမှသာ သောက်ပါရန်အကြံပြုထားကြပါတယ်။ (ခ) နေ့လယ်စာ စားပြီးနောက် တစ်နာရီကျော်အကြာမှာလည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန် တဲ့အချိန်ဖြစ်ပါတယ်။ သို့သော် တန်ဆေးလွန်ဘေးဖြစ်တတ်တာကြောင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်အတွက် ကော်ဖီကို တစ်နေ့ ၃ ခွက်ထက် ပိုမသောက်သင့်ပေ။ ကော်ဖီကိုတနေ့ ၃ ခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစ်စက်စက်ကျရောဂါများနဲ့ အရိုးပါးရောဂါတွေဖြစ်လာစေတတ် ပါတယ်။ အကယ်၍ တစ်နေ့ ၄ ခွက်နဲ့အထက် သောက်သုံးသူများမှာ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါတယ်။ ဒါ့ပြင် ကော်ဖီကို ပါရာစီတမောလ် အကိုက်ခဲပျောက်ဆေးတွေနဲ့ (လုံးဝ) တွဲမသောက်သင့်ပါကြောင်း၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူများအဖို့ ကော်ဖီကို လျှော့သောက်သင့်ပါတယ်။ သို့ပါ၍ အသက်ရှည်ရာအနာမဲ့ကြောင်းဖြစ်စေဖို့အတွက် ဗိုက်ထဲမှာ ဘာအစာမျှမရှိခင် ကော်ဖီမသောက်ကြပါရန်နှင့် အကယ်၍ မိမိရဲ့နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင်၍ထလေ့ရှိသူများ (ဝါ) မသောက်ရမနေနိုင်သူများအတွက် ကော်ဖီမှုန့်နည်းနည်းမျှသာထည့်၍ နွားနို့အနည်းငယ် (သို့မဟုတ်) ထောပတ်အနည်းငယ်ထပ်ဖြည့်ကာ အာသာပြေလောက် သောက်ကြပါရန်တိုက်တွန်းလိုက်ရပါတယ်။
ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ