နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ပျက်နေခြင်းကြောင့် စိုက်ခင်းများထဲတွင် အပုပ်ခံလိုက် ရမှုများ များပြားလာ

ရန်ကုန်     မေ    ၁၇

နိုင်ငံတစ်ဝန်းရှိ တောင်သူများအနေနှင့် ယခုကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ယင်းတို့၏ စိုက်ပျိုးထွက်ကုန်များ ဈေးကွက်ပျက်နေခြင်းကြောင့် အသီးအနှံများကို မခူးယူနိုင်တော့ဘဲ စိုက်ခင်းများထဲတွင် အပုပ်ခံလိုက်ရမှုများ များပြားလာကြောင်း သိရသည်။

လက်ရှိတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တစ်နေရာမှတစ်နေရာသို့ ကူးသန်းသွားလာရာတွင် ကန့်သတ်ပိတ်ပင်မှုများရှိနေသည့်အတွက် ပြည်တွင်းမှဝယ်လက်များ ဆင်းမလာသဖြင့် တောင်သူအများအပြား ယင်းတို့စိုက်ပျိုးထားသော အသီးအနှံများ မရောင်းရသဖြင့် အရှုံးပေါ်ပြီး အကြွေးတင်လာကြကြောင်း သိရသည်။

ထို့အပြင် ပြည်ပတင်ပို့နေသော စိုက်ပျိုးရေးထွက်ကုန်များသည်လည်း လတ်တလော အခြေအနေတွင် ဈေးကွက်ပျက်နေသည့်အပြင် နယ်စပ်ဒေသမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံ များသို့တင်ပို့နေသော စိုက်ပျိုးရေးထွက်ကုန်များမှာလည်း နယ်စပ်ဖြတ်ကျော်တင်ပို့ရန် အခက်အခဲများရှိနေကြောင်း၊ ထို့အတွက်ကြောင့် တောင်သူအများစုသည် စိုက်ပျိုးထားသော အသီးအနှံများကို မခူးယူကြတော့ဘဲ စိုက်ခင်းများထဲတွင် အပုပ်ခံလိုက်ကြကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်မှ ဖရဲစိုက်တောင်သူတစ်ဦးက ပြောသည်။

"အခုအချိန်မှာ ဈေးကွက်ပျက်နေတဲ့အပြင် အသွားအလာတွေကခက်တော့ ပြည်တွင်းက ဝယ်လက်တွေ လည်း ဆင်းမလာတော့ဘူး။ နယ်စပ်ဒေသတွေကနေ ပြည်ပကိုတင်ပို့ဖို့ကလည်း သက်ဆိုင်ရာဌာနအဖွဲ့ အစည်းတွေကြားမှာ ညှိနှိုင်းလို့မရတော့ ပို့လို့အဆင်မပြေဘူးဖြစ်နေတယ်။ အသီးအနှံတွေက နယ်စပ်ကို မဖြတ်ကျော်နိုင်ဘဲ ဒီဘက်ထဲမှာတင် အပုံလိုက်စွန့်ပစ်လိုက်ရတာတို့၊ အလကားပေးလိုက်ရတာတို့ ဖြစ်လာကြတယ်" ဟု ယင်းကပြောသည်။

ယင်းသို့ စိုက်ပျိုးရေးထွက်ကုန်များ ဈေးကွက်ပျက်နေပြီး လုပ်ငန်းများ အရှုံးပေါ်နေခြင်းကြောင့် ပြည်တွင်းမှ တောင်သူအများစုသည် နိုင်ငံတော်မှချေးယူထားသော စိုက်ပျိုးစရိတ်ချေးငွေများနှင့် ကုမ္ပဏီ များမှ အကြွေးယူထားသောဓာတ်မြေသြဇာဖိုးများ ပြန်ဆပ်ရန်အတွက် အခက်အခဲများကြုံတွေ့နေကြကြောင်း သိရသည်။   

(ဆောင်းဦး)






အခြားဆက်စပ်သတင်းများ