နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်စွမ်းကျန်းမာ လမ်းလျှောက်ပါ

ရန်ကုန်၊ ဧပြီ ၂၃
အသက်ရှည်ကျန်းမာခြင်းကို ပိုင်ဆိုင်ထားကြသော အဘိုး၊ အဘွားအများစုသည် ငယ်ရွယ်စဉ်ဘဝမှအစပြုကာ ကျန်းမာရေးကိုလိုက်စားကြသည်။ အချို့အသက်ရှည်သော အဘိုး၊ အဘွားတို့သည် ကျန်းမာရေးအတွက် သီးသန့်လေ့ကျင့်ခန်း မပြုလုပ်ကြသော်လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားအလုပ်များကို များများလုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြပေသည်။ ယနေ့အခြေအနေတွင် လူငယ်လူရွယ်များသည် ကျန်းမာကြံ့ခိုင်ရေးကို ဂရုမစိုက်နိုင်ကြသည်ကို တွေ့မြင်နေရသည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များရှိရန်  လိုကြောင်း၊ ထို့ကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်သည့် အရက်၊ ဆေးလိပ်၊ ကွမ်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု များကို ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတို့ဝင်ငွေနှင့် မျှတသည့် အာဟာရပြည့်ဝ သော အစားအသောက်များ စားသုံးနိုင်ရန်အတွက် စီမံဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းများကို အားပေးရန်လိုကြောင်း၊ မိမိတို့ နိုင်ငံ၏မျှော်မှန်းသက်တမ်းသည် ၆၆ နှစ်ခန့်သာရှိသဖြင့် အခြားနိုင်ငံများထက် လျော့နည်းလျက်ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်ပေးရန်လိုကြောင်း၊ ယခုအခါ အိန္ဒိယနိုင်ငံအပါအဝင် အခြားနိုင်ငံအချို့တွင်လည်း COVID-19 ရောဂါကူးစက်မှုများ မြင့်မားလျက်ရှိသဖြင့် မိမိတို့အနေဖြင့်လည်း COVID-19 ရောဂါကာကွယ်ရေးအတွက် အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရေးအတွက် မိမိတို့အနေဖြင့် ဖြည့်ဆည်းပေးနိုင်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်လိုကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့်ပတ်သက်၍ ပညာပေးခြင်းလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း၊ အားကစားများပြုလုပ်မှသာ ကျန်းမာကြံ့ခိုင်မှုရှိမည်ဖြစ်ကြောင်း၊ အလွယ်ကူဆုံး အားကစားနည်းနှစ်ခုမှာ လမ်းလျှောက်ခြင်းနှင့် ပြေးခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေး (၅/၂၀၂၁) ကို ဧပြီ ၂၂ရက် က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ကျန်းမာရေးကိုလိုက်စားရာတွင် ကိုယ်လက်လှုပ်ရှားအားကစားတစ်ခုခု (သို့မဟုတ်) လမ်းလျှောက်ခြင်းကို ပြုလုပ်သင့်သည်။ လမ်းလျှောက်ခြင်းကို နေ့စဉ်နာရီဝက်လျှောက်သင့်သည်ဟု ပညာရှင်တို့က ဆိုသည်။ လမ်းလျှောက်ခြင်းကြောင့် ကြွက်သားများကို သန်မာအားကောင်းစေသည်။ အရိုး၊ အဆစ်တို့ကို သန်မာစေနိုင် သည်။ ထို့ကြောင့် လမ်းများများလျှောက်ခြင်းသည် အသက်ရှည်ကျန်းမာစေရန် နည်းလမ်းတစ်ခုပင်ဖြစ်ရာ သက်ရှည်ကျန်းမာစေရန်အတွက် လမ်းများများလျှောက်ခြင်းဖြင့် ကျန်းမာစေကြောင်း။     ။






အခြားဆက်စပ်သတင်းများ