နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
E-cigarette များမှာဆယ်ကျော်သက်များကိုဆေးလိပ်သောက်ချင်လာအောင် ဆွဲဆောင်နေဟုဆို

 ဧပြီ        ၂၂

E-cigarette အသုံးပြုလျှင် ဆယ်ကျော်သက်အရွယ်များအကြား ဆေးလိပ်သောက်သုံးမှုကို လျှော့ချနိုင် လိမ့်မည်ဟုမူလကယူဆခဲ့သော်လည်း E-cigarette သည်အမှန်တကယ်တွင် ဆယ်ကျော်သက်အရွယ်များကို ဆေးလိပ်သောက်ချင်လာအောင်ဆွဲဆောင်နေသည်ကို တွေ့ရှိရကြောင်း အမေရိကန်အခြေစိုက်ဆေးရွက်ကြီး ထိန်းချုပ်ရေးသုတေသနဌာနက ထုတ်ပြန်ကြေညာသည်။

“E-cigarette တွေကို မိတ်ဆက်ပေးလိုက်ပြီးတဲ့နောက်လည်း ဆေးလိပ်သောက်တဲ့နှုန်း ကျဆင်းမှု အပိုင်းဟာမြန်ဆန်လာတာမျိုးမရှိပါဘူး။ လူကြီးတွေမှာလည်း E-cigarette အသုံးပြုလာကြတဲ့နောက် ဆေးလိပ်သောက် တဲ့နှုန်းကျဆင်းသွားတာမျိုးဘဲရှိပြီး ဆေးလိပ်လုံးဝပြတ်သွားတယ်ဆိုတာကတော့ မရှိသလောက်ပါပဲ”ဟု သုတေသီတစ်ဦးက ပြောသည်။

E-cigarette ဆိုသည်မှာ နီကိုတင်းအရည်ကိုအငွေ့ပျံစေပြီး အသုံးပြုသူက ရှူသွင်းရခြင်း ဖြစ်ကြောင်း၊ ဆေးလိပ်သောက်သူသည် သွေးကတောင့်တသော နီကိုတင်းဓါတ်ကို ရရှိသည့်အတွက် ဆေးလိပ်မသောက်ဘဲလည်းနေနိုင်ကြောင်း၊ E-cigarette ဖြင့် နီကိုတင်းအငွေ့ကို ရှူခြင်းသည်ဆေးလိပ်သောက်သည့်အတိုင်းလူကို မထိခိုက် စေဘဲထိခိုက်မှုနည်းစေခြင်းဖြစ်ကြောင်း သိရသည်။                          

(သူရိန်)






အခြားဆက်စပ်သတင်းများ