နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တလည်းသီးဖျော်ရည်သောက်သုံးပေးခြင်းဖြင့် နှလုံးသွေးကြောပိတ်ရောဂါ ကာကွယ်နိုင်

ဧပြီ       ၂၂

နှလုံးသွေးကြောပိတ်ရောဂါဖြစ်ခြင်းသည် ကြောက်မက်ဖွယ်ကောင်းသည့်ရောဂါတစ်ခုဖြစ်သည်။ အဆိုပါ ရောဂါမဖြစ်ပွားစေရန်အတွက် အစားအသောက်ကိုဂရုပြုစားသောက်သင့်သည်။ များမကြာမီကပြုလုပ်ထား သည့်သုတေသနပြုချက်တစ်ခုတွင်တလည်းသီးဖျော်ရည်သည်နှလုံးရောဂါနှင့်နှလုံးသွေးကြောဆိုင်ရာရောဂါများကိုဖြစ်စေသည့်နှလုံးသွေးကြောပိတ်ခြင်းကိုကာကွယ်ပေးနိုင်ကြောင်း သိရသည်။
 
တလည်းသီးတွင် ဗီတာမင်စီ၊ ဗီတာမင်ဘီ-၅၊ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုကိုဆန့်ကျင်သည့် ဂုဏ်သတ္တိနှင့်သွေးဖိအားပုံမှန်ဖြစ်စေသည့်အစွမ်းသတ္တိများရှိပြီး သွေးကြောပိတ်ဆို့ခြင်းတို့ကို ဖယ်ရှားရှင်း လင်းနိုင်စွမ်းရှိသည်။ တလည်းသီးဖျော်ရည် အသင့်သောက်ဘူးများရှိသော်လည်း ကိုယ်တိုင်ပြုလုပ်သည့် တလည်းသီးဖျော်ရည် သောက်သုံးပေးခြင်းက ကျန်းမာရေးအတွက် ပိုမိုအထောက်အကူဖြစ်စေနိုင်သည်။ ဖျော်ရည်     သောက်သုံးခြင်းမပြုလုပ်လိုသူများအနေဖြင့် အသီးအတိုင်းစားပေးပါကလည်း အကျိုးသက်ရောက်မှုရှိစေသည်။

(WP)






အခြားဆက်စပ်သတင်းများ