နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေမန်းသူ ကားဂိတ်မှ အဝေးပြေးယာဉ်များတွင် ခရီးသည်ဦးရေ ထက်ဝက်လျှော့ချ လိုက်သော်လည်း ယခင် ယာဉ်စီးခနှုန်းသာ ကောက်ခံ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်အခြေစိုက် ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ လီမိတက်လက်အောက်ရှိ ရွှေမန်းသူအဝေးပြေးကားဂိတ်မှ အဝေးပြေးမော်တော်ယာဉ်များတွင် လိုက်ပါ စီးနင်းနိုင်သော ခရီးသည်ဦးရေကို ယခင်ကထက် ထက်ဝက်လျှော့ချလိုက်သော်လည်း ယာဉ်စီးခနှုန်းထား များကို ယခင်အတိုင်းသာ သတ်မှတ်ကောက်ခံကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ပြန့်ပွားမှုကို တစ်ဖက်တစ်လမ်းမှ ကြိုတင်ကာကွယ် သည့်အနေဖြင့် ယခုကဲ့သို့ ရွှေမန်းသူ အဝေးပြေးကားဂိတ်မှ အဝေးပြေးမော်တော်ယာဉ်များတွင် လိုက်ပါစီးနင်းနိုင်သော ခရီးသည်ဦးရေကို ထက်ဝက်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း၊ ယခင်က ရွှေမန်းသူ အဝေးပြေးကားဂိတ်မှ ပြေးဆွဲပေးနေသော ရွှေမန်းသူ၊ ရှမ်းမလေး၊ ပုသိမ်သူ၊ ရွှေမြိုင်သူ စသည့်အဝေးပြေး ယာဉ်များတွင် တစ်စီးလျှင် ခရီးသည်ဦးရေ ၄၀ ကျော် လိုက်ပါစီးနင်းနိုင်သော်လည်း ယခုအခါ အဝေးပြေး ယာဉ်တစ်စီးလျှင် အများဆုံး ခရီးသည်ဦးရေ ၂၁ ဦးအထိသာ တင်ဆောင်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ရွှေမန်းသူကားဂိတ်မှ အဝေးပြေးမော်တော်ယာဉ်များကို သင်္ကြန်အကြိုနေ့အထိ ခရီးသည်ရရှိမှု အခြေအနေအပေါ် မူတည်ကာ သယ်ယူပို့ဆောင်ပေးသွားရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် ၎င်းကားဂိတ်မှနေ၍ နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၁၃ မြို့သို့ စုစုပေါင်း အဝေးပြေးယာဉ်အစီးရေ ၁၁၆ စီးဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။ (ဆောင်းဦး)






အခြားဆက်စပ်သတင်းများ