နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျန်းမာရေးစောင့်ရှောက်မှုများ တိုးချဲ့ရွက်ဆောင်

ရန်ကုန်၊ ဧပြီ ၂၁
ဆေးဝါးများလှူဒါန်းခြင်း၊ အခမဲ့ဆေးကုသပေးခြင်းနှင့် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာဗဟုသုတ များ ဟောပြောပို့ချခြင်းတို့သည် ဆေးအလှူများဖြစ်ပေသည်။ ဆေးလှူဒါန်းခြင်းသည် အမွန်မြတ်ဆုံးသော ဒါနဖြစ်သည်။ လူတစ်ကိုယ်တွင် ကျန်းမာရေးသည် အရေးကြီးဆုံးဖြစ်သည်။ လူတွင် ကျန်းမာရေးထက် အရေးကြီးသော အရာမရှိနိုင်ပါ။ ကျွန်ုပ်တို့နိုင်ငံတွင် အခမဲ့ဆေးဝါးကုသပေးခြင်းကို လူထုက အမှန်ပင်လိုလားကြ သည်။ နေရေး၊ စားရေးထက် ဆေးဖိုးမရှိပါက မသက်သာသည့် အဆုံးရောက်မှသာ ဆေးခန်းသွားကြရသည်။ ဤသည်မှာ အခမဲ့ဆေးဝါးကုသပေးမှုများ လိုအပ်နေကြောင်း ထင်ရှားသကဲ့သို့ ၇၀ ရာခိုင်နှုန်းသော ကျေးလက်နေပြည်သူများနှင့် ဆင်းရဲသားပြည်သူများက အခမဲ့ဆေးကုသပေးခြင်းကို ကြိုဆိုလျက်ရှိသည်။
ကျွန်ုပ်တို့မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် ဆရာဝန်၊ ဆရာမများကို အသက်သခင်ကျေးဇူးရှင်များဟု သတ်မှတ်ရိုသေလေးစားတန်ဖိုးထားကြသည်။ ဆေးရုံတက်ရောက်ကုသမှုခံယူရာတွင် ဆေးရုံဝန်ထမ်းများ၏ စေတနာနှင့် တက်ကြွဖော်ရွေသောဝန်ဆောင်မှု၊ ဝတ်စုံဖြူများနှင့် လက်ထောက်ဆရာဝန်များ၊ အလုပ်သင်ဆရာဝန် လူငယ်များ၊ သူနာပြုဆရာမများ၊ သန့်ရှင်းရေးဝန်ထမ်းများ အချိန်ပြည့်အလုပ်ရှုပ်နေကြသော်လည်း ပင်ပန်းဟန်မပြ၊ စိတ်ရှုပ်ပုံမရ ဇယ်ဆက်သလိုလုပ်နေကြရသည်။ ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံများ၌ ပုံမှန်ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိသဖြင့် လူနာများလိုအပ်သည့် ဆေးကုသမှု မခံယူနိုင်ခြင်း၊ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်ပြသရခြင်း၊ ဝေးလံသောနေရာသို့ သွားရောက် ပြသရခြင်း အခက်အခဲများကို တွေ့ကြုံနေရသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းသားပြည်သူများအတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေးဆေးရုံများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီလ ၅ ရက်မှ ဧပြီ ၂၀ ရက်အထိ ပြင်ပလူနာ ၁၄၈၆၄၃ ဦး၊ အတွင်းလူနာ ၄၄၄၇ ဦးကို ကုသပေးနိုင်ခဲ့ပြီး ယင်းလူနာ များအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၃၆၃၃ ဦး စုစုပေါင်း ၁၀၆၃၆ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့် အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက် ရှိသည်။ ၎င်းအပြင် ကလေးမီးဖွားလူနာ ၃၆၉၉ ဦးကို ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ကာ ၅၇၆၆ ဦးကို သာမန်မွေးဖွား လာခဲ့ခြင်းကြောင့် ကလေးငယ် ၉၄၆၅ ဦးကို အောင်မြင်စွာမွေးဖွားပေးခဲ့သည်။ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ တာဝန်ရှိသူများက ဒေသခံပြည်သူများအား ဆေးကုသပေးထားမှုအခြေအနေများ၊ ကျန်းမာရေးတိုးတက်       ကောင်းမွန်မှုအခြေအနေများအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခြင်း၊ ဆေးရုံတက်လူနာများနှင့် လူနာစောင့်များ နေထိုင်စားသောက်ရေးအဆင်ပြေစေရေး စီမံဆောင်ရွက်ပေးလျက်ရှိသည်။
CDM မိစ္ဆာဓာတ်ကြောင့် ညစ်နွမ်းခဲ့ကြသည့်နှလုံးသားပိုင်ရှင်များ မိမိတို့၏ဘဝများကို ပြန်လည်ပြင်ဆင် တည်ဆောက်ခြင်းဖြင့် ပြည်သူများ၏ကျန်းမာရေးအဆင့်အတန်း တိုးတက်လာစေရန်စောင့်ရှောက်ကုသမှုများ ဖြင့် လောကကိုအလှဆင်စေချင်ကြောင်း။      ။






အခြားဆက်စပ်သတင်းများ