နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပိန်လွန်းခြင်း၊ ဝလွန်းခြင်းသည် လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါကို ပိုဆိုးစေနိုင်

ဧပြီ ၂၀

အဝလွန်ခြင်းသည် လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ၏ ချို့ယွင်းစေသည့် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွား လာစေနိုင်ကြောင်း သုတေသနရလဒ်အသစ်များအရ သိရသည်။ အပြန်အလှန်အားဖြင့် ဝိတ်လျော့ခြင်းမဟုတ်ဘဲ ကိုယ်အလေးချိန် ကျဆင်းသွားခြင်းသည် အဆိုပါလူနာအတွက် သတိထားရမဲ့ ပြဿနာတစ်ခုဖြစ်ပြီး မသန်မစွမ်း ဖြစ်နိုင်ခြေအတွက် အန္တရာယ်များသည့် အန်အထားတစ်ခုဖြစ်သည်။ လူနာနှင့် ဆရာဝန်တို့သည် ရောဂါအနေအထား အပေါ် အာရုံစိုက်နေချိန် အဆစ်အမြစ် ရောင်လက္ခဏာကို ပိုမိုဆိုးရွားစေသည့် ပြဿနာများနှင့် ဆက်စပ်နေသည့် အဝလွန်ခြင်းကိုလည်း ဂရုတစိုက်ကုသသင့်သည်။

မရည်ရွယ်ဘဲ ကိုယ်အလေးချိန်လျော့ကျသွားခြင်းသည် လူနာ၏အားနည်းလာမှုကို သတိပေးနေပြီး မသန်စွမ်းမှု များ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်တစ်ခုလည်း ဖြစ်သည်။ လေးဖက်နာအဆစ်အမြစ်ရောင် ရောဂါသည် Autoimmune disease တစ်ခုဖြစ်ပြီး ပုံမှန်အားဖြင့် ရောဂါပိုးမွှားများကို တိုက်ခိုက်သည့် ခုခံအားဆဲလ်များ အဆစ်အမြစ်၊ အရိုးနု၏ နံရံများကို တိုက်ခိုက်ချိန်တွင် ဖြစ် ပေါ်လာတတ်သည်။ အဆစ်အမြစ်များ ရောင်ရမ်းလာစေပြီး ပတ်ဝန်းကျင်ရှိ အရိုးများ၊ အရွတ်များနှင့် ကြွက်သားတို့ကို တဖြည်းဖြည်း ပျက်စီးလာစေသည်။ အချိန်နှင့်အမျှ ပိုမိုဆိုးရွားလာပြီး နောက်ဆုံး မသန်မစွမ်းဖြစ်စေခြင်းဆီသို့ ဦးတည်လာစေသည်။
သုတေသနအတွက် လေးဖက်နာအဆစ်အမြစ်ရောင် ရောဂါသည် လူနာ ၂၅,ဝ၀၀ ကျော်ကို လေ့လာခဲ့ပြီး အဝလွန် ခြင်း၏ သက်ရောက်မှုကိုပါ ထည့်သွင်းလေ့လာခဲ့ကြသည်။

အဝလွန်နေသူများတွင် ရောဂါလက္ခဏာများ မြန်မြန် ဆန်ဆန်ဆိုးရွားလာပြီး အဆစ်အမြစ်များ ရောင်ရမ်းသည့် အဆင့်နှင့်သက်ဆိုင်နေခြင်း မရှိသည်ကို တွေ့ရသည်။ နောက်ထပ်တွေ့ရှိခဲ့သည်က ပိန်ပါးပြီး ကိုယ်အလေးချိန် ကျဆင်းသွားသည့်လူနာတို့တွင် ရောဂါမြန်မြန်ဆန်ဆန် ဆိုးရွားလာတတ်သည်။ အဝလွန်နေသူများအနေဖြင့် စနစ်တကျ အလေးချိန်လျော့ချရာတွင် ကောင်းကျိုးများရရှိစေနိုင်သော်လည်း ကိုယ်အလေးချိန်ကျဆင်းလာသူတို့တွင် ရောဂါအတွက် မကောင်းသည့်လက္ခဏာတစ်ခုဖြစ်နေသည်။ ထို့ကြောင့် လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါသည် လူနာများတွင် ပုံမှန်ကျန်းမာစေသည့် ကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် အရေးကြီးဆုံးအချက်ဖြစ်ပြီး ကုသမှုပြုလုပ်နေစဉ် အစီအစဉ်တစ်ခု အနေဖြင့် ထည့်သွင်းသင့်ကြောင်း သုတေသီများက အကြံပြုထားကြသည်။
(WP)






အခြားဆက်စပ်သတင်းများ