နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စိမ်းလန်းသာယာရေးနှင့်ရေစီးလာကောင်းမွန်ရေး

ရန်ကုန် ဧပြီ ၂၀

မကြာမီ မိုးဦးကာလကို ရောက်ရှိလာမည်။ ရန်ကုန်မြို့၊ မြစ်ချောင်းများနှင့်နီးသော အနိမ့်ပိုင်းရပ်ကွက်များတွင် ဒီရေ တက်ချိန်နှင့် အဆက်မပြတ်ရွာသွန်းသော မိုးများချိန်များတွင် ရေမြောင်းများမှ ရေများသည် မြစ်ထွက်ပေါက်သို့ မထွက်နိုင်ဘဲ အထက်ရေနှင့်အောက်ရေဆုံကာ ရေစီးဆင်းမှုအားနည်းခြင်းကြောင့် ရေလျှံမှုဖြစ်ပေါ်ရခြင်းကို ကမ်းနားနေ အများပြည်သူများ ကြုံတွေ့ခံစားခဲ့ကြရသည်။ ရန်ကုန်မြိုတော်ဝန် ဦးဗိုလ်ဌေးနှင့် တာဝန်ရှိသူများသည်။ ဧပြီ ၁၈ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင် စိမ်းလန်းသာယာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

မြို့တော်ဝန်ဦးဗိုလ်ဌေးနှင့်အဖွဲ့သည် မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိလမ်း၊ ရေစီးရေလာစီမံခန့်ခွဲရေးဌာနက ဆောင်ရွက်နေသော အောင်သိဒ္ဓိချောင်း အမှိုက်များဆယ်ယူနေမှု၊ မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း သီရိရတနာဈေး အနောက်ဘက်ရိုးချောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်း၊ တောင်ဥက္ကလာပမြို့နယ် သံသုမာလမ်းရေပေါက်ကြည်ချောင်း ရေထိန်းတံခါး မရမ်းကုန်းနှင့်ကျိုက္ကဆံချောင်း၊ ဆည်မြောင်းချောင်းတို့မှတစ်ဆင့် ငမိုးရိပ်ချောင်းအတွင်း စီးဆင်းမှု ကောင်းစေရန်၊ ငမိုးရိပ်ချောင်းဒီရေတက်၍ ဝင်ရောက်မှုထိန်းသိမ်းနိုင်ရန် ရေထိန်းတံခါးမှ အဓိကဆောင်ရွက်ခြင်းဖြင့် မိုးသည်းထန်ပါက ရေလျှံမှုကိုထိန်းနိုင်ရန် ရေထိန်းတံခါးအဦး Low Retention တစ်ခု ပြုလုပ်ရေး၊ သာကေတမြို့နယ် မင်းနန္ဒာလမ်း၊ ဧရာဝဏ်ရိပ်သာ စလင်းမြစ်ထွက်ပေါက်မှ အမှိုက်များဆယ်ယူရှင်းလင်းနေမှု၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဗိုလ်မင်းရောင်လမ်း မြောင်းဆယ်ယူနေမှုများအား ကြည့်ရှုစစ်ဆေးခြင်း၊ ကမ်းနားလမ်း၊ ပန်းဆိုးတန်းမြစ် ထွက်ပေါက်နှင့် ရွာသစ်ချောင်းမြစ်ထွက်ပေါက်များအား ကြည့်ရှုစစ်ဆေးပြီး မြစ်ရေတက်၍ ရေတံခါးများပိတ်ထားချိန် တွင် မြို့တွင်းရေလျှံပါက ရေစုပ်ပန်းဖြင့် စုပ်ထုတ်နိုင်ရေး၊ ရွာသစ်ချောင်း မြစ်ထွက်ပေါက်သည် ကျုံးကြီးမြောင်းမှ ရေစီးဆင်းမှုကောင်းမွန်ရန် ရေလမ်းကြောင်းဖော်ပေးရန် ရေမြောင်းဖော်ရာတွင် အမြင့်တင့်တယ်ရေး လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီးဆောင်ရွက်ရာ ဒုတိယမြို့တော်ဝန် ဦးညီညီဦးဆောင်သည့် စိမ်းလန်းသာယာသန့်ရှင်း လှပရေးလုပ်ငန်းကော်မတီလည်း ပါဝင်ကြောင်း ရန်ကုန်မြို့ရေစီးရေလာကောင်းမွန်မှသာ မိုးရာသီရေလျှံမှုကို ကာကွယ် နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး ကူးစက်ရောဂါများ ထိန်းချုပ်နိုင်မှာဖြစ်ကြောင်း ရန်ကုန်မြို့သည် မိုးသည်းထန်သည့်အခါ ရုတ်ချည်းရေလျှံပြီး မိုးရပ်သည်နှင့်ပြန်ကျသွားကြောင်း၊ ရေလျှံမှုများမဖြစ်စေရေးအတွက်   ရေနုတ်မြောင်းများရှင်းလင်းခြင်း၊ ချောင်းများပြန်လည်တူးဖော်ချဲ့ထွင်ခြင်း၊ ချောင်းကမ်းထိန်းသိမ်းရန် မြေထိန်းနံရံများ တည်ဆောက်ခြင်း၊ Retention Basin များ ထားရှိဆောင်ရွက်ရန်နှင့် အောင်သိဒ္ဓိချောင်းရေစီးရေလာ ကောင်းမွန်ရေး  ချောင်းကမ်းအားချဲ့၍ မြေထိန်းနံရံပြုလုပ်ရန် ချောင်းရေလွှဲထားသော မြောင်းအပြင် ပိတ်နေသော ချောင်းရိုးအား ပြန်လည်တူးဖော်ရန်နှင့် ရေကြီးရေလျှံမှုကာကွယ်နိုင်ရေးအတွက် ဝန်းကျင်တွင် Detention Pond ထားရှိနိုင်ရေး‌ ရွေးချယ်ဆောင်ရွက်ရန် မြို့တော်ဝန်က လမ်းညွှန်မှာကြားရာ ရန်ကုန်မြို့တော်သူ မြို့တော်သားများက မိမိနေထိုင်ရာ မိမိ ပတ်ဝန်းကျင်ကို အထောက်အကူဖြစ်စေသည့် လုပ်ဆောင်မှုများကို ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ကြောင်း။  ။






အခြားဆက်စပ်သတင်းများ