နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အခွံမာသီးအစေ့ လက်တစ်ဆုပ်စားခြင်းက အသက်ပိုရှည်နိုင်

မန္တလေး    ဧပြီ   ၂၀

လောကီရေးရာဝေယျာ၀စ္စတွေနဲ့ လှုပ်ရှားရုန်းကန် နေရတာ၊ ကျန်းမာရေးလိုက်စားဖို့ တကူးတက အချိန်တွေမပေးနိုင်ပါဘူးလို့ သင် ညည်းကောင်းညည်းတွားဖူးပါလိမ့်မယ် (သို့မဟုတ်) သင် ယခုလို ခံစားနေရ ပါသလား။ စိတ်မပူပါနှင့်။ သက်ရှည်ကျန်းမာစေဖို့ ထွေထွေထူးထူးလုပ်စရာမလိုဘဲနဲ့၊ လူ့သက်တမ်းကို                 ၂ နှစ်လောက် ပိုရှည်ရှည်နေနိုင်မယ်ဆိုရင် သင် အံ့သြသွားလေမလား။ လွယ်ပါတယ်။

လက်တစ်ဆုပ်စာ (၃၀ဂရမ်ခန့်) ပမာဏရှိတဲ့ အစေ့အဆံ(အခွံမာသီးအစေ့) လေးတွေကို ရက်သတ္တပတ်လျှင် ၅ ရက် (သို့မဟုတ်) နေ့စဉ် စားပေးရုံ ပါဘဲ။ ၄င်းအစေ့အဆံလေးတွေကို ကျန်းမာရေးသုတေသီများက အကြီးစားလေ့လာမှုတစ်ရပ် ပြုလုပ်ပြီး နောက်မှာ၊ နေ့စဉ် လက်တစ်ဆုပ်ခန့် စားသုံးလေ့ရှိသူများဟာ ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါကြောင့် သေဆုံးမှုလျော့နည်း၍ အသက်ရှည်ရှည်ပိုနေနိုင်တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။
နောက်ထပ် လေ့လာမှုတစ်ရပ်တွင် မြေပဲ (သို့မဟုတ်) အခွံမာသီး အစေ့အဆံကို ရက်သတ္တပတ်အတွင်း လက်နှစ်ဆုပ်စာမျှ  စားသောက်လေ့ရှိသော အမျိုးသမီးများဟာ ရက်သတ္တပတ်အတွင်း နာရီ တော်တော်များများ ခပ်သွက်သွက်လမ်းလျှောက် လေ့ကျင့်ခန်းလုပ်သော အမျိုးသမီးများကဲ့သို့ပင် ကျန်းမာရေးအကျိုးကျေးဇူး ရရှိနိုင်ပါတယ်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၊ ဘော်စတွန်မြို့ရှိ Harvard University မှ သုတေသီများ၏ လေ့လာစမ်းစစ်ချက်အရ မြေပဲဖြင့်ပြုလုပ်ထားသော ထောပတ်(မြေပဲထောပတ်) ကို လ္ဘက်ရည်ဇွန်း တစ်ဇွန်းနှုန်းဖြင့် ရက်သတ္တပတ်လျှင် ၅ ရက် (သို့မဟုတ်) နေ့စဉ်စားသုံးသော အမျိုးသမီးများဟာ လုံး၀မစားသော (သို့မဟုတ်) တစ်ကြိမ်တည်းသာစားသော အမျိုးသမီးများထက် နှလုံးရောဂါဖြစ်နိုင်ခြေ အလားအလာကို ထက်၀က်မျှလျှော့ချပေးနိုင်ကြောင်း၊ ဆယ်ကျော်သက် မိန်းကလေးများအနေဖြင့်လည်း မြေပဲ (သို့မဟုတ်) အခွံမာသီးအစေ့အဆံကို ရက်သတ္တပတ်လျှင် အနည်းဆုံး တစ်ကြိမ်နှင့်အထက်ပို၍ စားသုံးသူတွေမှာ ရင်သားကင် ဆာ ဖြစ်နိုင်ခြေနည်းပါးကြောင်း အဖြေထွက် ရှိခဲ့ပါတယ်။

အခွံမာသီးအစေ့အဆံတွေ စားသုံးခြင်းဟာ လူကို အ၀လွန်အဆီပိုတွေ မတက်စေဘူးလားလို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။ အဲဒီကိစ္စနှင့်ပတ်သက်ပြီး လေ့လာမှုအကြိမ် ၂၀ ခန့်ပြုလုပ်ပြီးတဲ့အခါ လက်တစ်ဆုပ်စာပမာဏရှိသော အစေ့အဆံများကို နေ့စဉ် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်တိတိစားသူတွေဟာ အ၀မလွန်စေတဲ့အပြင်၊ ကိုယ်အလေးချိန်ကိုပါ ကျစေနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ pistachio (ခေါ်) အစိမ်းရောင် ဆိမ့်သောအဆံပါသည့် အခွံမာသီး အလုံး ၁၂၀ တိတိ (ကယ်လိုရီ ၃၀,၀၀၀ ခန့်) ကို သုံးလတာမျှ နေ့စဉ်စားသုံးသော်လည်း ကိုယ်အလေးချိန် တစ်အောင်စမျှပင် လုံး၀တက်မလာတာကို အတည်ပြုနိုင်ခဲ့ကြ ပါတယ်။ ဘာကြောင့်လို သင် ထင်ပါသလဲ ? အဖြေက ဒီလိုပါ။
အစာချေဖျက်နေစဉ် အစာခြေလမ်းကြောင်းတစ်လျှောက်တွင်  ကယ်လိုရီ ၁၀ ရာခိုင်နှုန်းဟာ သူ့အလို အလျောက် ပျောက်ပျက်သွားကြပါတယ်။ အခြားသော အစားအစာတွေနဲ့နှိုင်းယှဉ်တဲ့အခါ အဆန်အစေ့ တွေဟာ လူကို အချိန်တိုအတွင်းမှာပင် ကယ်လိုရီ ၇၀ ရာခိုင်နှုန်း တင်းတိမ်ရောင့်ရဲစေနိုင်တာကြောင့်                        နောက်ထပ် အစာ စားချင်စိတ်ကို ချိုးနှိမ်ထားနိုင်ပါတယ်။ ကယ်လိုရီ ၂၀ ရာခိုင်နှုန်းက ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်စေပြီး၊ အဲဒီလို ဇီ၀ဖြစ်ပျက်နေစဉ်မှာပင် ခန္ဓာကိုယ်ထဲက အဆီပိုတွေကို လောင်ကျွမ်းသွားစေပါတယ်။ သုတေသီများ၏ အဆိုအမိန့်အရ အရွယ်ရောက်ပြီး ကျန်းမာရေးကောင်းသူတွေ ဟာ အစာစားပြီးနောက် ၈ နာရီအတွင်း အဆီ ၂၀ ဂရမ်လောင်မြိုက်နိုင်ကြောင်း သိရပါတယ်။ သို့သော် သစ်ကြားသီးကတော့ အဆီလောင်မြိုက်ချိန်အတန်ငယ်ပိုကြာမှာဖြစ်ပါတယ်။
သို့ပါ၍ အသက်ရှည်ရှည်ပိုနေနိုင်ဖို့အတွက် မြေပဲကဲ့သို့သော အခွံမာသီးအစေ့အဆံလေးတွေကို နေ့စဉ် လက်တစ်ဆုပ်လောက်စားပေးကြပါရန် တိုက်တွန်းလိုက်ရပါတယ်။                                    

ပေါက်ပေါက်






အခြားဆက်စပ်သတင်းများ