နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကောင်း၊ ဘားအံနှင့် မော်လမြိုင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

မိုးကောင်း ဧပြီ ၂၀

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၈ ရက် မွန်း၌ ၃ နာရီတွင် မိုးကောင်းမြို့နယ် ကျွန်းပင်သာကျေးရွာအုပ်စု ရှမ်းစုကျေးရွာနေ ဇော်ထွန်းအောင်(ခ)ထွန်ထွန်း ၏ ကောင်းလာတဲသို့ သတင်းအရ ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း ၀ ဒသမ  ၁၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက် အရမွန်းလွဲ ၃ နာရီ မိနစ် ၅၀ တွင် ညောင်ကုန်းရွာအုပ်စု၊ ယာမလွတ်ကျေးရွာနေ တင်အောင်၏ တောင်ယာတဲအား ဆက်လက်ရှာဖွေရာ ဘိန်းစိမ်း ၁ ဒသမ ၅၂ ကီလို သိမ်းဆည်းခဲ့ပြီး ဆက်လက်၍ ညနေ ၅ နာရီတွင် ရေရှင်ကျေးရွာအုပ်စု ၄ မိုင်ကျေးရွာနေ အောင်မျိုးထွန်း(ခ) အောင်ပု၏ နေအိမ် သို့ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း ၁၂ ကီလိုထပ်မံသိမ်းဆည်းရမိခဲ့သည်။
အလားတူ ဧပြီ ၁၈ ရက်၊ ညနေ ၅ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းဖွဲ့သည် ဘာမြို့နယ် ဂျိုင်း-အိန္ဒုသွားကားလမ်း ကျုံစောင့်ကျေးရွာအုပ်စု ကျားကလေးကျေးရွာအနီးတွင် စောတပူးမောင်းနှင်ပြီး စောထွန်းလင်း(ခ)အထွန်းလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိဏ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကိုသိမ်းဆည်းမိခဲ့ပါသည်။
ထို့အတူ ဧပြီ ၁၇ ရက် ညနေ ၆ နရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့ လှိုင်ရှမ်းစုရပ်ကွက် မြေနီကုန်းကားဝင်းအတွင်းရှိ ကားဂိတ်တွင် လူမဲ့တန်ဆာဖြင့် မသင်္ကာဖွယ်တွေ့ရှိသည့် ငရုတ်သီးခြောက်များထည့်ထားသည့် ဆာလာအိတ် အား ဖွင့်ဖောက်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ဆွေဦး






အခြားဆက်စပ်သတင်းများ