ရန်ကုန် မေ ၁၇
မြန်မာ့လက်ရွေးစဉ်ပူးလ်ကစားသမားဘုန်းမြင့်ကျော်(ခ)မောင်မောင်သည် Chinese 8 Ball ပြိုင်ပွဲ၌ ပြိုင်ဘက်ဖြစ်သူ ယန်ဖန်းကိုခက်ခက်ခဲခဲကစားပြီး ယင်း၏ပဉ္စမမြောက်နိုင်ပွဲကို ဆက်လက်ရယူကာအောင်ပွဲခံနိုင်ခဲ့သည်။
မောင်မောင်သည် ၂၁ ပွဲ ၁၈ ပွဲဖြင့် အနိုင်ရရှိခဲ့သော်လည်း ပထမပိုင်းတွင် ကနဦးပွဲငယ်သုံးပွဲသာအသာစီး ရခဲ့ပြီး နောက်ပိုင်းတွင် ယန်ဖန်းကအမီလိုက်နိုင်ခဲ့သဖြင့် ပထမပိုင်း၌ ၁၁ ပွဲ ၉ ပွဲဖြင့် မောင်မောင်ရှုံးနေခဲ့သည်။ ပထမပိုင်းခွဲဘော ၁၀ ကြိမ်တွင် နှစ်ကြိမ်သာ မောင်မောင် ဝင်အောင်ထိုးနိုင်ခဲ့သည်။
ကျွမ်းကျင်မှု၌ ပြောစရာမရှိအောင်ကောင်းသောယန်ဖန်းသည် ဒုတိယပိုင်း၌လည်း ဆက်လက်ဦးဆောင်ခဲ့သော်လည်း မောင်မောင်နောက်မှတရစပ်ဖိအားပေးနိုင်ခဲ့သဖြင့် ၁၃ ပွဲစီသရေဖြစ်လာခဲ့သည်။
၁၄ ပွဲမှစ၍ မောင်မောင်ကဆက်လက်ဦးဆောင်ခဲ့ပြီး ၂၀ ပွဲ ၁၆ ပွဲအထိ လေးပွဲဖြတ်ထားနိုင်ခဲ့သည်။ ထို့နောက် ယန်ဖန်းကပွဲငယ်နှစ်ပွဲဆက်တိုက်နိုင်ခဲ့သော်လည်း နောက်ဆုံးပွဲတွင် မောင်မောင်ကအနိုင်ထိုးခဲ့ သဖြင့် ၂၁ ပွဲ ၁၈ ပွဲဖြင့် မောင်မောင်အနိုင်ရရှိခဲ့ပြီး ဒုတိယအဆင့်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိရန်သေချာ သလောက်ဖြစ်သွားခဲ့သည်။
ယခုပြိုင်ပွဲ၌ ငါးပွဲကစားငါးပွဲလုံးအနိုင်ရရှိသူမှာ မောင်မောင်တစ်ဦးတည်းသာရှိသည်။ မောင်မောင် သည် မေ ၁၆ ရက်တွင် Wu Zheng Yu နှင့် ဆက်လက်ကစားရမည်ဖြစ်သည်။
အောင်မြင့်ဌေး(မြို့တော်သတင်း)