ရန်ကုန် ဧပြီ ၁၉
စိတ်ပညာပါရဂူတွေက ဒီလိုပြောပါတယ်။
(၁) အကယ်၍ လူတစ်ယောက်ဟာ ရယ်(ရီ)စရာသိပ်မဟုတ်တာ လေးကို စိတ်လွှတ်ပြီးအူလှိုက်သည်းလှိုက် ရီနေမယ်၊ နောက်ပြီး ခပ်ကြောင်ကြောင်အမူအရာလည်း လုပ်နေတာမြင်ရင်" သြော် သူ့ရင်ထဲမှာဖော်မပြနိုင်လောက်အောင် သိပ်ကိုအထီးကျန်ခံစားနေရှာတယ်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၂) အကယ်၍ လူတစ်ယောက်ဟာ တချိန်လုံး ထိုးအိပ်နေပြီး အိပ်မပျော်တာတောင် ထမင်းမစားဘဲ အိပ်ရာထဲမှာခွေနေရင် " သြော် သူ့ခမျာ ၀မ်းနည်းပူဆွေး နေရှာတယ်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၃) အကယ်၍ လူတစ်ယောက်ဟာ ခါတိုင်းနဲ့မတူ စကားနည်း လွန်းနေတယ် (သို့မဟုတ်) သိသိသာသာ စကားပြောမြန်နေရင် " သြော် သူ လျှို့ဝှက်ချက်တစ်ခုကို ဘေးလူ မရိပ်မိအောင် မနည်းကို ဖုံးဖိနေရှာတယ်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၄) အကယ်၍ လူတစ်ယောက်ဟာ ငိုရမယ့်အဖြစ်အပျက်နဲ့ ကြုံနေတာတောင် မငိုဘဲ ငူငိုင်နေရင် " သြော် သူ့ခမျာ ဆို့နစ်နေပြီး ငိုဖို့တောင်အားမရှိတော့ဘူးကွယ်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၅) အကယ်၍ လူတစ်ယောက်ဟာ စိတ်လွတ်ကိုယ်လွတ် အထိန်းအကွပ်မဲ့ မြင်မြင်သမျှအစားအစာတွေကို အငမ်းမရ စားသောက် နေတာဆိုရင် " သြော် သူ့ခမျာ စိတ်ဖိစီးမှုတွေအတွက် ထွက်ပေါက်ရှာနေရပါလားနော်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၆) အကယ်၍ လူတစ်ယောက်ဟာ ဘာမှမဟုတ်တဲ့ အသေးအဖွဲလေးအတွက် ခံစားပြီးမျက်ရည်ကျ နေခဲ့ရင် " အသည်းငယ်လိုက်တာလွန်ပါရောဟယ်… လို့ အပြစ်မမြင်ဘဲ သြော် သူ့နှလုံး သားလေးကနုလိုက်တာ တော်တော်အပြစ်ကင်းတာဘဲ စိတ်အားငယ်တတ်ရှာတယ်" လို့ မျှဝေနားလည်ပေးလိုက်ပါ။
(၇) အကယ်၍ လူတစ်ယောက်ဟာ အရေးမပါတဲ့ ပြသနာသေးသေးလေးအတွက် အလွန်အမင်း ဒေါသတကြီးပေါက်ကွဲနေခဲ့ရင်"သြော် သူ့ခမျာ ချစ်ခြင်းမေတ္တာ ငတ်နေရှာသူလေးပါ လား သနားစရာလေးပါ " လို့ မျှဝေနားလည်ပေးလိုက်ပါ။
လူအချင်းချင်း ခံစားမျှဝေနားလည်ခြင်းဖြင့် နိစ္စဓူ၀ကြုံတွေ့ရမယ့် လူမှုပေါင်းသင်းဆက်ဆံရေး အသိုင်းအ၀န်းကို ပျော်ရွှင်ဘွယ်ရာ ဖြတ်သန်းနိုင်ကြပါစေ။
ပေါက်ပေါက်