ရန်ကုန် မေ ၁၇
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မေ ၁၇ ရက်၊ နံနက် ၈ နာရီခန့်က တာမွေ မြို့နယ်၊ တာမွေကြီး (က+ဂ)ရပ်ကွက်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်မှုနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ လူမှုရေးအသင်းအဖွဲ့များ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ က ရပ်ကွက်နေမိဘပြည်သူများကို တစ်အိမ်တက်ဆင်းအပူချိန်တိုင်းခြင်း ခရီးသွားရာဇဝင်ရှိ/မရှိနှင့် COVID-19 ရောဂါပိုးရှိသူ Quarantine ဝင်နေသူများနှင့် ထိတွေ့မှု ရှိ/မရှိ စသည်တို့ကို အသေးစိတ်မေးမြန်း ဆွေးနွေးကာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးရှိ/မရှိ ရှာဖွေဖော်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြ စဉ်။
မောင်မောင်