ရန်ကုန် မေ ၁၆
မြန်မာအမျိုးသားလေကြောင်း(MNA)နှင့် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် ယခု ကိုရိုနာဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက်ကာလအတွင်း ချန်နိုင်း-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ် ခရီးစဉ်(Relief Flight)ကို မေလ ၂၄ ရက်တွင် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချန်နိုင်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ပိတ်မိနေကြသော နေရပ်သို့ပြန်လိုကြသည့် မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ယခုကဲ့သို့ ချန်နိုင်း-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်(Relief Flight)အား စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း(MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ ချန်နိုင်း-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)သည် မေလ ၂၄ ရက်၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ချန်နိုင်းမြို့မှ စတင်ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၅ နာရီ ၃၅ မိနစ်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူ များကိုသာ ကန့်သတ်ထားသော ခရီးသည်အရေအတွက်အတိုင်း လိုက်ပါစီးနင်း ခွင့်ပြုမည်ဖြစ်ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် ဖုန်းနံပါတ် +91 9810038227 ၊ +91 1129813311 နှင့် +91 8709558613 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ကိုဆောင်း(ဥက္ကလာ)