နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆွေမျိုးများစုပြီး နီးနီးကပ်ကပ်နေခြင်းကလည်း အန္တရာယ်ရှိသည်ဟု ဆို

COVID-19 ကပ်ရောဂါဖြစ်ပွားလျက်ရှိသည့်အချိန်တွင် ဆွေးမျိုးမိတ်ဆွေများစုပြီး အိမ်ထဲတွင်ဆုံကြ၊ နီးနီးကပ်ကပ်နေကြခြင်းသည်လည်း အပြင်ထွက်ပြီး လူအုပ်ထဲတိုးသကဲ့သို့ အန္တရာယ်ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ် ၃၁ ရက်၊ ညနေ ၆ နာရီတွင် ပြောကြားသည့် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ''ဒီအချိန်မှာ ဝေးလေကောင်းလေဆိုတဲ့အသိနဲ့ ကိုယ့်ကျန်းမာရေးနဲ့ အများကျန်းမာရေးကို ဂရုစိုက် ကာကွယ်ပေးကြပါ။ အိမ်နေရာထိုင်ခင်းမကျယ်တဲ့ မိသားစုတွေအတွက် အခက်အခဲရှိမယ်ဆိုတာကို နားလည် ပါတယ်''ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။ သို့သော် အချိန်ကာလအတိုင်းအတာတစ်ခုထိ စိတ်ကိုတင်းပြီး အခက်အခဲများကို သည်းခံကြ၊ တစ်ဦးချင်း တစ်ဦးချင်း တာဝန်သိစိတ်အပြည့်နှင့် COVID-19 မပြန့်ပွားရေးအတွက် ဆောင်ရွက်ပေးကြမည်ဆိုလျှင် ယခု စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်မည်ဖြစ်သည်ဟုလည်း ယင်းကပြောသည်။ လက်ရှိကာလတွင် ပုဂ္ဂလိကလုပ်ငန်းတချို့မှ လုပ်ငန်းယာယီရပ်ဆိုင်းခြင်း၊ ၎င်းတို့၏ ဝန်ထမ်းများကို ရက်ရှည်ပိတ်ပေးခြင်းများရှိသည့်အတွက် ရပ်နီးရပ်ဝေးမှ ပြည်သူများသည် မိမိတို့၏ ဇာတိမြို့ကိုပြန်၍ မိသားစုဝင်များနှင့် တစ်စုတစ်စည်းတည်း သွားရောက်နေထိုင်ခြင်းမျိုးများ ရှိနေသည်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)၏ ဓာတ်ခွဲအဖြေများအရ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၁၅ ဦးအထိရှိလာခဲ့ပြီး ကင်ဆာရောဂါအခံရှိသည့် အသက် ၆၉ နှစ် အရွယ် အတည်ပြုလူနာ အမျိုးသားတစ်ဦးမှာ မတ် ၃၁ ရက်၊ နံနက်တွင် သေဆုံးသွားခဲ့သည်။ ကျော်စိုးသူ (City News)






အခြားဆက်စပ်သတင်းများ