နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောဂါဘေးမှ ကြိုတင်ကာကွယ်ခြင်းဖြင့် ဆောင်ရွက်

ရန်ကုန်၊  ဧပြီ ၁၅
လူတိုင်းအသက်ရှည်ရပ်တည်နိုင်ရေးအတွက် အခြေခံအကျဆုံးသည် ကျန်းမာရေးစောင့်ရှောက်မှုပင်ဖြစ် သည်။ ကျန်းမာရေးစောင့်ရှောက်မှုကို မိမိကိုယ်တိုင်ဆောင်ရွက်နိုင်မှသာ တစ်ကိုယ်ရေကျန်းမာသန်စွမ်းမည် ဖြစ်သည်။ မိမိ၏ကျန်းမာရေး၊ မိသားစုကျန်းမာရေး၊ ရပ်ရွာလူထု၏ကျန်းမာရေး၊ ရောဂါကာကွယ်ရေးတို့ကို      စွမ်းအားရှိသမျှဆောင်ရွက်သွားရမည်ဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အိမ်ရှင်မများက အဓိကကျသည်။ အိမ်ရှင်မတိုင်းက မိသားစုကျန်းမာပျော်ရွှင်စွာရပ်တည်နိုင်ရန် ထိန်းကျောင်းရာတွင် မိမိခန္ဓာကိုယ်၊ မိမိအိမ်နှင့် အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားခြင်း၊ အာဟာရမျှတစွာစားသုံးနိုင်ရေးစီမံခြင်း၊ သားသမီးများကို အရွယ်အလိုက်ကာကွယ်ဆေးထိုးပေးခြင်း၊ ရာသီအလိုက်ဖြစ်ပေါ်တတ်သောရောဂါများကို သိရှိနားလည်ပြီး မိသားစုဘဝကို အလေးထားစီမံဆောင်ရွက်ကြရပေသည်။
ကျန်းမာခြင်းသည် တန်ဖိုးမဖြတ်နိုင်သော လာဘ်ကြီးတစ်ပါးဖြစ်သည်။ လူတိုင်းကျန်းမာပါမှ အသက်ရှင် ရပ်တည်နေနိုင်မည်ဖြစ်ပြီး အလုပ်ကိုကိုယ်စွမ်းရှိသမျှ လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ရောဂါဖြစ်မှ ကုသခြင်းထက် ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းသည် ပိုမိုထိရောက်သည်။ သန့်ရှင်းမှုမရှိခြင်းကြောင့် ရောဂါပိုးမွှားကူးစက် နိုင်သည်။ မိသားစုနေအိမ်သန့်ရှင်းရန်နှင့် အစားအစာသန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး စသည်တို့ကို တစ်ဦးချင်း၊ တစ်ယောက်ချင်းအလေးဂရုပြုဆောင်ရွက်သွားကြရမည်ဖြစ်သည်။ မိမိအိမ်တွင်းသန့်ရှင်းနေရုံ သာမက အိမ်ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုသည်လည်း အရေးပါရာ ရပ်ရွာတစ်ခွင် သန့်ရှင်းကျန်းမာသော မိသားစုဘဝများတည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်သည်။
ယနေ့ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါပိုးကြောင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိသူ ၁၄၂၆၁၀ ဦး၊ ရောဂါ ပိုးကင်းစင်သွားသူ ၁၃၁၈၇၉ ဦး ပိုးတွေ့သေဆုံးလူနာ ၃၂၀၆ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ဧပြီ ၁၅ ရက် သတင်းထုန်ပြန်ချက်အရ သိရပေသည်။ ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းတို့ကို အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ရုံးလုပ်ငန်းဌာနများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန် နှင့် တစ်ဦးကိုတစ်ဦး အသိပေးခြင်း၊  သတိပေးခြင်း၊ မိသားစုစီမံချက်အတိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် နည်းလမ်း များအား အသိပေးခြင်းနှင့် သတိပေးခြင်းတို့ကို လူတိုင်း၊ မိသားစုတိုင်းမှ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။
လူတိုင်းရောဂါဘယကင်းဝေးရေးအတွက် တစ်ဦးချင်းမှ အစပြုပြီး မိသားစုရပ်ရွာဒေသအားလုံးက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို အလေးထားဆောင်ရွက်စေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ