ရန်ကုန် မေ ၁၆
တောင်ဥက္ကလာပမြို့နယ်အတွင်း သီတင်းသုံးတော်မူသော ရဟန်း၊ သာမဏေ၊ သီလရှင်များ COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် တောင်ဥက္ကလာပမြို့နယ်၊ (၅) ရပ်ကွက်၊ ပုဂံ (၂၈) လမ်းတွင် နေထိုင်သော လင်းထက်အထည်ချုပ်စက်ရုံပိုင်ရှင် ဦးတင်ထွန်းဇော်မိသားစုမှ ပြန်လည်လျှော်ဖွတ်၍ အသုံးပြုနိုင်သော နှာခေါင်းစည်းအခု ၆၀၀၀ ကျော်အား လှူဒါန်းခဲ့ရာ မေ ၁၅ ရက် ညနေပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့မှ လက်ခံရယူခဲ့ပြီး အလှူရှင်များနှင့်အတူ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ဦးတိက္ခဉာဏထံသို့ ဆက်ကပ်လှူဒါန်းခဲ့စဉ်။
နေထက်အောင်