နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိပြုဆင်ခြင်ဖွယ် မီးဘေးအန္တရာယ်

ဧပြီ ၁၆
မီးသတ်ဦးစီးဌာနသည် မီးဘေးအန္တရာယ်ကို ပြည်သူအများ ဂရုပြုလာရေးနှင့် မီးဘေးကြိုတင်ကာကွယ် ရေးလုပ်ငန်ူများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ မိမိနိုင်ငံတွင်ဖြစ်ပွားသော မီးလောင်မှုများတွင် ပေါ့ဆမှုကြောင့် လောင်ကျွမ်းသော မီးလောင်မှု အများဆုံးဖြစ်ကြောင်း သက်ဆိုင်ရာဌာန ၏သုံးသပ်ချက်များအရ သိရသည်။ ယနေ့အခြေအနေတွင် ဆူပူအကြမ်းဖက်သူများသည် ပြည်သူလူထု အချို့၏ နေအိမ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအချို့ကို လက်လုပ်ဗုံးများနှင့် ပစ်ပေါက်ခြင်း၊ မီးရှို့ခြင်းများကို လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အလစ်အငိုက်ကို အခွင့်ကောင်းယူကာ ပြုမူဆောင်ရွက်ကြသည်။
မီးလောင်မှုဖြစ်ပွားလျှင် ထွက်မပြေးပါနှင့်။ ပတ်ဝန်းကျင်ကို အကူအညီတောင်းရန်၊ မီးစတင်လောင်ကျွမ်း ချိန်တွင် ငြှိမ်းသတ်နိုင်လျှင် မီးလောင်ဆုံးရှုံးမှမများနိုင်ကြောင်း၊ အိမ်တိုင်း၊ အဆောက်အအုံတိုင်း၊ ယာဉ်တိုင်း တွင် ဓာတုဗေဒပေါင်ဒါမှုန့်ခြောက် မီးသတ်ဆေးဘူးများ ဆောင်ထားခြင်းဖြင့် အလျင်အမြန် မီးငြှိမ်းသတ်နိုင် ကြောင်း၊ မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကာကွယ်ရေးနှိုးဆော်ထားသည်။ ယခုအခါ ရန်ကုန်မြို့တော် တွင် အထပ်မြင့် အဆောက်အအုံများ လေဝင်လေထွက်ကောင်းမွန်အောင် စီမံဆောင်ရွက်သင့်ကြောင်း အထပ်မြင့်အဆောက်အအုံ များတွင် မီးလောင်ကျွမ်းမှုဖြစ်ပေါ်ပါက မီးခိုးမွှန်၍ သေဆုံးမှုများဖြစ်ပေါ်ရာ လေကာများအား အလုံပိတ်ထား ခြင်းသည် အကြောင်းအရင်းတစ်ခုဖြစ်သည်။
မီးဘေးကြိုတင်ကာကွယ်ရေးတွင် အဓိကကျသည့် မီးသုံးစွဲလျှင် အမြဲသတိရှိပြီး လူစောင့်ထားခြင်း၊ မီးဖို များကို မြေကျင်းတူး စနစ်တကျအသုံးပြုခြင်း၊ မီးဖိုအား စနစ်တကျကာရံထားခြင်း၊ ကလေးသူငယ်များအား မီးမဆော့ရန် ထိန်းသိမ်းခြင်း၊ မီးခွက်၊ မီးအိမ်၊ ဖယောင်းတိုင်များ ထရံနှင့် ခြင်ထောင်အနီးတွင် မထွန်းခြင်း၊ တော မီးမလောင်အောင် ဆောင်ရွက်ခြင်တို့ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ မီးဘေးအန္တရာယ်ကို ပြည်သူ အားလုံး သတိမူလာရေးအတွက် အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိ  သော်လည်း ပြည်သူများလိုက်နာမှုအားနည်းကြောင်း တွေ့ရပေသည်။ ယင်းကဲ့သို့ လိုက်နာမှုအားနည်းခြင်း၊ ဂရုမပြုခြင်းတို့ကြောင့် မလိုလားအပ်သော ဆုံးရှုံးမှုများ လျော့နည်းသွားစေရန် မီးသုံးစွဲသူအားလုံးက ကြိုတင် ကာကွယ်စောင့်ရှောက်စေချင်ကြောင်း။






အခြားဆက်စပ်သတင်းများ