နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မြေသာစံမြို့နယ်ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ကြက်ခြေနီက ထောက်ပံ့ပစ္စည်းများ ပေးအပ်

မန္တလေး  ဧပြီ   ၁၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ် မြောက်နွားခြံကုန်းတွင် ဧပြီ ၁၃ ရက်က ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ထောင်စု(၄၀)စု ထိခိုက်ပျက်စီးခဲ့ရသဖြင့် ဧပြီ ၁၄ ရက်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင် ဦးယုတင်၊ အောင်မြေသာစံမြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးသောင်းဌေး၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးတင်မိုးအောင်နှင့် ကြက်ခြေနီစေတနာလုပ်အားရှင်များက ထိခိုက်ခံစားရသော အိမ်ထောင်စုတစ်စုလျှင် တစ်ကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း(၁)စုံ၊ မီးဖိုချောင်သုံးပစ္စည်း(၁)စုံ၊ အမျိုးသမီးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်း(၁)စုံ၊ စောင်(၁)ထည်၊ ခြင်ထောင်(၁)လုံးစီတို့ကို အိမ်ထောင်စု (၄၀)စုအတွက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပြီး မီးဘေးသင့်မှုကြောင့် စိတ်ထိခိုက်ခံစားရသည့် ပြည်သူများအားစိတ်ပိုင်းလူမှုပိုင်းဆိုင်ရာ အားပေးကူညီခြင်းများ ပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

(KKT)






အခြားဆက်စပ်သတင်းများ