နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်ဝမ် ငလျင်အကြိမ် ၈၀ ကျော်ဖြစ်ပေါ်

တိုင်ပေ၊ ဧပြီ ၂၄

 ထိုင်ဝမ်ကျွန်း တိုင်ပေမြို့တွင် ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်များတွင် မြေ ငလျင် အကြိမ် ၈၀ ကျော် လှုပ်ခတ် သွားပြီး ယင်းတို့တွင် အင်အား အပြင်း ဆုံးငလျင်သည် ၆ ဒသမ ၃ အဆင့်ထိ ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှု အရှိန်ကြောင့် မြို့တွင်း နေအိမ်များရှိ စာအုပ်စင်များနှင့် ပစ္စည်းများ လှုပ်ယမ်းပြီး စာအုပ်များ ပြုတ်ကျသွား သည့် မြင်ကွင်းကို စီစီတီဗီ ရုပ်သံ မှတ်တမ်းတွင် ဖော်ပြထားသည်။

ယခုလအစောပိုင်းက လှုပ်ခတ် သွားသည့် အင်အားပြင်း မြေငလျင် အတွင်း ထိခိုက်ပျက်စီးခဲ့သောတိုက် တာအဆောက်အဦများသည်ယခု လှုပ်ခတ်သည့် မြေငလျင်များ၏အရှိန် ကြောင့် အဆောက်အဦတိမ်း စောင်း သွားသည့် ဖြစ်စဉ်များပေါ်ပေါက်ခဲ့ သည်။ ယခုလှုပ်ခတ်သည့် မြေငလျင် များသည် တရုတ်(တိုင်ပေ)အရှေ့ပိုင်း ကမ်းရိုးတန်းဒေသနှင့်မြို့တွင်း အဆောက် အဦများကိုတုန်ခါ သွားစေပြီး ထိခိုက် ဒဏ်ရာရမှုအခြေအနေကို လတ်တလော မသိရသေးကြောင်း အာဏာပိုင်များက ထုတ်ပြန် သည်။               






(ref: AFP)






အခြားဆက်စပ်သတင်းများ