နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယူးဒေလီ အမှိုက်ပုံမီးကြောင့် အသက်ရှူကြပ်မှုများ ဖြစ်ပေါ်

နယူးဒေလီ၊ ဧပြီ ၂၄

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်ရှိ ဂါဇီပူရ် အမှိုက်ပုံတွင် ကြီးမားသည့် မီးလောင်မှုဖြစ်ပွားပြီးနောက် အသက် ရှူရ ခက်ခဲသည့် ပြဿနာများ ကြုံတွေ့ နေရကြောင်း ဒေလီမြို့ခံများက ဧပြီ ၂၃ ရက်တွင် ပြောသည်။

အဆိုပါအမှိုက်ပုံက မီးခိုးများ ဆက်တိုက်ထွက်နေပြီး အမှိုက်ပုံ မီးငြှိမ်းသတ်ရန် မြေတူးစက်များနှင့် တူးဆွ ရှင်းလင်းခြင်းများ လုပ်ဆောင် နေကြောင်း၊မီးခိုးကြောင့် မျက်လုံး များ ပူစပ်ပူလောင်ဖြစ်နေပြီး ဒေသခံ များသည် နေအိမ်အပြင်ကို မထွက် နိုင်ဘဲ ကလေးငယ်များသည်လည်း မီးခိုးမွှန်ကာ ငိုနေကြောင်း ဒေလီမြို့ခံ ရီယာဇူဒင်ဆိုင်ဖီ ဆိုသူက ပြောသည်။ 

နယူးဒေလီမြို့တော်ဝန် ရှယ်လီ အိုဘာရွိုင်းကမူ ယခုကိစ္စနှင့်ပတ် သက်ပြီး အမြန်ဆုံးဖြေရှင်းပေးမည် ဖြစ်ကြောင်းနှင့်နာရီပိုင်းအတွင်း မီးခိုးပြဿနာ အဆုံးသတ်စေမည်ဟု ကတိပြုထားသည်။ 







(ref:CNA)






အခြားဆက်စပ်သတင်းများ