နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊အမှတ်(၉၂) ရပ်ကွက်၊ သီဟိုဠ် လမ်းရှိ အမှတ်(၉) အခြေခံပညာမူလတန်းလွန်ကျောင်း သန့်ရှင်း သာယာ လှပစေရေး

ဧပြီ ၂၃ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူးကြီးကြပ်၍ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ရုံး၊ ဌာနများမှ တွဲဖက်ဝန်ထမ်းများနှင့် လူမှုအဖွဲ့အစည်းများ ပူးပေါင်းအင်အား ၅၅ဦးဖြင့် မြက်ဖြတ်စက်(၂)လုံးအသုံးပြု၍မြက်ပင် ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ Chain Saw (၁)လုံးအသုံးပြု၍သစ်ပင်အောက်တက်များရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိ ပုံသွင်းအလင်းဖွင့်ခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ် ရွက်ခြောက်ကြွေများ၊ သဲခဲများလှည်းကျင်းရှင်းလင်းခြင်း၊ ရေစီးရေ လာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့်နုန်းများဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းတွင်း ကျောင်းပြင်သန့်ရှင်းရေးပြု လုပ်ခြင်း၊ ထွက်ရှိအမှိုက်၊ သစ်ကိုင်းသစ်ခက်များကို ယာဉ်နှစ်စီးဖြင့် သိမ်းဆည်း သယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုတ်ကွေးရောဂါကြိုတင် ကာကွယ်ရေးအတွက် ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင် ဆေးမှုတ်ခြင်း၊ ကျောင်းရှိ ရေစည်ရေကန်များအား အဘိတ်ဆေး ခတ်ခြင်း၊ ဖုံးသွန်လဲစစ်ပြုလုပ်ခြင်း တို့ကိုဆောင်ရွက်ကြစဉ်။






ယဉ်မွန်






အခြားဆက်စပ်သတင်းများ