နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံနှင့်ရေးမြို့တွင် ကျန်းမာရေးဆိုင်ရာကူညီစောင့်ရှောက်မှုများကို ကြက်ခြေနီအသင်းအဖွဲ့မှကူညီဆောင်ရွက်ပေးခဲ့

မုဒုံ  ဧပြီ   ၁၅

မွန်ပြည်နယ် မုဒုံမြို့၌ ဆေးရုံဆင်းမီးဖွားလူနာတစ်ဦးကို မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲပိုင် လူနာတင် ယာဉ်ဖြင့် ရေးမြို့နယ်၊ ကလော့ကျေးရွာသို့ ဧပြီ ၁၄ ရက်က ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လူနာပို့ပြီးအပြန်တွင် ရေးမြို့နယ် မော့ကနင်ကျေးရွာအနီး ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူကို တွေ့ရသဖြင့် ကြက်ခြေနီစေတနာလုပ်အားရှင်(၃)ဦးတို့က ရှေးဦးပြုစုပေးခဲ့ကြကြောင်း သိရသည်။

(KKT)






အခြားဆက်စပ်သတင်းများ