မိုးညှင်း ဧပြီ ၁၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်၌ ငွေကျပ် ၆၅၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် နံနက် ၈ နာရီခွဲတွင် မိုးညှင်းမြို့နယ် မန္တလေး - မြစ်ကြီးနားကားလမ်း နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖြိုးသန့်ကျော်မောင်းနှင်လာသော ခရီးသည်တင်ယာဉ်ကို သတင်းအရ ရပ်တန့်စစ်ဆေးရှာဖွေရာယာဉ်ပေါ်ပါခရီးသည် မအိအိခိုင်နှင့် မထုနန်တို့ သယ်ဆောင်လာသော ခရီးဆောင်အိတ် နှင့် ဆာလာအိတ်များအတွင်းမှ ငွေကျပ် ၆၅၈ သိန်းတန်ဖိုးရှိ ဘိန်းဖြူ ၃ ဒသမ ၂၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် မအိအိခိုင်နှင့် မထုနန်တို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံများ ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဆွေဦး