နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သံဖြူဇရပ်နှင့်ရေးတွင် ယာဉ်မတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရသူများကို ကြက်ခြေနီကဆေးရုံသို့ ကူညီပို့ဆောင်

သံဖြူဇရပ် ဧပြီ ၁၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင် ၃ ဦး တို့သည် ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူကို အသင်းခွဲမှလူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ရေးမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်  ၂ ဦးသည် ယာဉ်မတော်တဆမှုကြောင့် ခြေထောက်ကျိုးသည့်လူနာနှင့် အိမ်ပေါ်မှပြုတ်ကျပြီးဦးခေါင်းထိခိုက်မိသည့် လူနာတို့ကို ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

(KKT)






အခြားဆက်စပ်သတင်းများ