နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂယာမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများမှ နေရပ်ပြန်လိုသော မြန်မာနိုင်ငံသားများအတွက် ဂါယာ-ရန်ကုန် Relief Flight ခရီးစဉ်ကို မေလ ၂၇ ရက်တွင် ပျံသန်းပြေးဆွဲပေးမည်

ရန်ကုန် ၊ မေ ၁၆


မြန်မာအမျိုးသားလေကြောင်း(MNA) နှင့် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံးတို့ ပူးပေါင်းစီစဉ်ကာ ယခု ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ(COVID-19) ကူးစက် ကာလအတွင်း ဂါယာ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)အား မေ ၂၇ ရက်တွင် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။


အိန္ဒိယနိုင်ငံ၊ ဂယာမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများတွင် ပိတ်မိနေကြသော နေရပ်သို့ ပြန်လိုကြသည့် မြန်မာနိုင်ငံသားများအတွက် အဆင်ပြေစေရန် ယခုကဲ့သို့ ဂါယာ-ရန်ကုန် ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်(Relief Flight)အား စီစဉ်ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်း (MNA)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


အဆိုပါ ဂယာ-ရန်ကုန် ကယ်ဆယ်ရေးလေယာဉ်ခရီးစဉ်(Relief Flight)သည် မေလ ၂၇ ရက်၊ မွန်းလွဲ      ၁ နာရီခွဲတွင် ဂယာမြို့မှ စတင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေ     ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


ယင်း Relief Flight ခရီးစဉ်တွင် သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးဆောင်ရွက်ပြီး ခွင့်ပြုသူများကိုသာ ကန့်သတ်ထားသော ခရီးသည်အရေ အတွက်အတိုင်း လိုက်ပါစီးနင်းခွင့် ပြုမည်ဖြစ်ကြောင်း၊ လေယာဉ်လက်မှတ် ဝယ်ယူလိုသူများနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုသူများသည် ဖုန်းနံပါတ် +91 9810038227 ၊ +91 1129813311 နှင့် +91 8709558613 တို့ကို ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


ထို့အပြင် မြန်မာအမျိုးသားလေကြောင်း(MNA)မှ ထပ်မံပြေးဆွဲပေးမည့် ကယ်ဆယ်ရေးလေယာဉ် ခရီးစဉ်များအတွက်လည်း သက်ဆိုင်ရာအစိုးရဌာနများနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ အတည်ပြုချက် များရရှိပါက ထပ်မံအသိပေးကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

            

(ဆောင်းဦး)







အခြားဆက်စပ်သတင်းများ