နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝိုင်းမော်နှင့် ပင်လောင်းမြို့နယ်တို့၌ ဘိန်းစိမ်းများ သိမ်းဆည်းရမိ

ဝိုင်းမော် ဧပြီ ၁၄

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဧပြီ ၁၂ ရက် ညနေ ၆ နာရီ မိနစ် ၅၀ တွင် ဝိုင်းမော်မြို့နယ် ဝါးရှောင်ကျေးရွာအနီး ဝါးရှောင်- ဝိုင်းမော်သွားကားလမ်းတွင်ဟောင်းလွမ်းမောင်းနှင်ပြီး မကိုင်အောင်လိုက်ပါလာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၂ ကီလိုကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ် ဝါးပြီးကျေးရွာ မြေတိုင်-ဝါးပြီးကျေးရွာ သွားလမ်းပေါ်ရှိ တံတားအနီးတွင် မသင်္ကာဖွယ်လမ်းလျှောက်လာသူ ခွန်မျိုးမင်းအောင်(ခ)လဗွေအား စစ်ဆေးရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ