နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ရှိ “ရွှေအကယ်ဒမီ” ဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်အား အကြမ်းဖက်သူ အမျိုးသား ၁၅ ဦးက မီးရှို့ဖျက်ဆီးကာ ငွေများ ယူဆောင်ထွက်ပြေး

စဉ့်ကိုင် ဧပြီ ၁၄

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့ရှိ “ရွှေ အကယ်ဒမီ" ဝိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်အား အကြမ်းဖက် သူ ၁၅ ဦးက မီးရှို့ ဖျက်ဆီကာငွေများ ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် စဉ့်ကိုင်မြို့နယ်အုန်းပင်ခြံကျေးရွာနေ ဦးရွှေခိုင်(၆၅) နှစ် (ဘ) ဦးဘဝင်း ပိုင်ဆိုင်သော “ရွှေအကယ်ဒမီ" ပိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်သို့ မျက်နှာဖုံးများ စွပ်ထားသော အကြမ်းဖက်သူအမျိုးသား ၁၅ ဦး (စိစစ်ဆဲ)တို့သည် ဆိုင်ကယ် ခုနစ်စီးဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်း မီးခိုးဗုံး နှစ်လုံးဖြင့် ပစ်ပေါက်ကာမားများ ကိုယ်စီကိုင်ဆောင်ဝင်ရောက်လာ၍ ဆိုင်အတွင်းရှိ ပစ္စည်းများကို ရိုက်ခွဲဖျက်ဆီးကာ ဓာတ်ဆီပုလင်းများဖြင့် ဆိုင်အားမီးရှို့ခဲ့ပြီး ဆိုင်ကောင်တာအတွင်း မှ ငွေကျပ် ၁၀ သိန်းခန့် ယူဆဝင်ကာမန္တလေးမြို့ဘက်သို့ ဆိုင်ကယ်များဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် မီးငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။ အဆိုပါ အကြမ်းဖက်သူများ၏ ဖျက်ဆီးမီးရှို့ခဲ့မှုကြောင့် ဆိုင်အတွင်းရှိ စားပွဲ၊ ထိုင်ခုံများ ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ “ရွှေအကယ် ဒမီ" ဗိုင်ချစ်သူနှင့် စားဥယျာဉ်ဆိုင်ကို ဖျက်ဆီး မီးရှို့ခဲ့၍ငွေများ ယူဆောင်သွားသည့် အကြမ်းဖက်သူအမျိုးသား ၁၅ ဦး(စိစစ်ဆဲ)အား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ