နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်၌ ယာဉ်တစ်စီး တိမ်းမှောက်၍ မီးလောင်

ဖားကန့် ဧပြီ ၁၄

ကချင်ပြည်နယ် ဖားကန့်မြို့နယ်၌ ဧပြီ ၁၀ ရက် ညနေ ၅ နာရီခွဲက ကာမိုင်း-လုံးခင်းသွား ကားလမ်းမကြီးဘေးရှိ အနက် ၁၅ ပေခန့် ချောက်အတွင်းသို့ ကားတစ်စီးထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကာမိုင်းမှ ဖားကန့်သို့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ(၄)ရပ်ကွက်နေ ဝင်းမင်းဦး မောင်းနှင်ပြီး ကိုနိုင် လိုက်ပါလာသည့်ဘိလပ်မြေနှင့် ကုန်ပစ္စည်းမျိုးစုံ တင်ဆောင်လာသော ခြောက်ဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက် လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်မှုကြောင့်ယာဉ်မှာပျက်စီးသွားပြီး ဝင်းမင်းဦးပါနှစ်ဦးမှာ ပျောက်ဆုံးလျက်ရှိရာဖြစ်စဉ်နှင့်ပတ်သက် ၍ ဝင်းမင်းဦးအား လုံးခင်းနယ်မြေရဲစခန်းကအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ