နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မုဒုံမြို့နယ်၌ ကြက်တိုက်လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးရမိ

မုဒုံ ဧပြီ ၁၄

မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဧပြီ၁၂ ရက်ကကြက်တိုက်လောင်းကစား ပြုလုပ်သူများကို ဆိုင်ကယ်မျိုးစုံ ၁၀၅ စီး၊ လောင်းကြေးငွေ ၁၂သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၁၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မုဒုံမြို့နယ် ကော့ခပုံကျေးရွာအနောက်ဘက် လယ်ကွင်းအတွင်းသို့ သွားရောက်စစ်ဆေးရာ အဆိုပါနေရာ၌ကြက်တိုက်လောင်းကစား ပြုလုပ်နေသူ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်နေ ဆံရှည်ပါ ကိုးဦးအားတိုက်ကြက်ဖ ငါးကောင်၊ ငွေကျပ် ၁၂ သိန်း၊ ဆိုင်ကယ် ၁၀၅ စီးတို့နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သဖြင့် ဆံရှည်ပါကိုးဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ